မကာကွယ်နိုင် သနည်းဆိုသည့် မေးခွန်းမှာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ပင် ဂိုဏ်းအုပ်စုဖွဲ့၍ ဘတ်စ်ကားပေါ်တွင် မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ပြည်လုံးတွင် ပြည်သူတို့၏ ကန့်ကွက် ဆန္ဒပြမှု အကြီးအကျယ် ဖြစ်ပွားခဲ့မှုမှာ မကြာလှသေးပေ။ အသက် ၇ နှစ် အရွယ် ကျောင်းသူလေးအား ဆေးဝါးကုသ ပေးနေသော ရာဆန်ဂျေး ဂန္ဓီဆေးရုံ အပြင်ဘက်တွင် ဆန္ဒပြကန့်ကွက်သူ ပြည်သူများ စုဝေး ရောက်ရှိလာပြီး မကြာမီမှာပင် ဆန္ဒပြသမားများက ဘတ်စ်ကားများနှင့် ရဲအဖွဲ့ ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက် တိုက် ခိုက်ခဲ့ကြသည်။ ဆေးရုံ ဆရာဝန်ကြီး Dr.Sanjay Kumar က အသက် ၇ နှစ်အရွယ် မိန်းကလေးမှာ မုဒိမ်းကျင့် ကြံခံရသည်မှာ မှန်ကန်ကြောင်း AP သတင်းဌာနသို့ ပြောသည်။
No comments:
Post a Comment