ဧဒင်အချစ်ပုံပြင်: ကိုက်ထိပ်ရွာအနီးတွင် သစ်ခိုးယာဉ် မိုင်းနင်းမိပေါက်ကွဲ
ကိုက်ထိပ်ရွာအနီးတွင် သစ်ခိုးယာဉ် မိုင်းနင်းမိပေါက်ကွဲ
တရားမ၀င်သစ်များကို
ခိုယူတင်ဆောင်နေသော သစ်ကား ၂စီးသည် ၂၃ရက်နေ့ မနက် ၄နာရီခန့်တွင်
ကိုက်ထိပ်ရွာ အနီးတွင် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ကြောင်းသိရှိ ရပါသည်။
မန်စီမြို့နယ် ဂျေစွမ်းရွာမှ အင်ဘာပါရွာသို့ သစ်များကို ခိုးယူပြီး ယာဉ် ၂စီးဖြင့် သယ်ဆောင်စဉ် ရှေ့မှယာဉ်မိုင်းထိခဲ့ခြင်းဖြစ်ပြီး
မိုင်းနင်းမိခဲ့သော သစ်တင်ယာဉ်မှာ ယမ်းဖောင် အမျိုးအစားဖြစ်ကြောင်း၊
သစ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်း ဖြစ်နိုင် ကြောင်း
ကိုက်ထိပ်ရွာမှ ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
သစ်ခိုးထုတ်သူများသည် KIA ထံ အခွန်ငွေများပေးဆောင်ပြီး သစ်များကိုခိုးယူကာ
တရုတ်နိုင်သို့ သယ်ဆောင်နေကြောင်း၊ ၎င်းသစ်သယ်လမ်းကြောင်းများသည်
အစိုးရတပ်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားစဉ် ကာလက KIA အနေဖြင့် မိုင်း
အများအပြား ထောင်ထားသောနေရာများဖြစ်ကြောင်း၊ သိရှိရပါသည်။
တိုက်ပွဲများ ဖြစ်ပွားမှု မရှိချိန်မှ စပြီး သစ်ခိုး ထုတ်သူ များသည် KIA
နှင့်ပူးပေါင်းကာ တရုတ်နိုင်ငံသို့ သစ်အမြောက်အများကို
နေ့စဉ်ခိုးထုတ်သယ်ယူနေကြောင်း မျက်မြင်တွေ့ရှိ နေရသော ဒေသခံများ၏ပြောဆိုချက်အရသိရှိရပါသည်။
Kachin Daily News
No comments:
Post a Comment