ဧဒင်အချစ်ပုံပြင်: ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်

Tuesday 26 March 2013

ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်



မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာ
မှတစ်ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာ
ပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံအကျဉ်းထောင်းများမှ အကျဉ်းသားများကို အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ တပ်ဆင်ပေးမည့် အစီအစဉ်အား မကြာမီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါ အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများဖြင့် အကျဉ်းသား
တစ်ဦးချင်းစီ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖတ်ရှုသိရှိနိုင်ပြီး ၎င်းတို့၏ လှုပ်ရှားမှုကိုလည်း စောင်ကြည့်နိုင်မည်ဖြစ်သည်။



မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာမှတစ်
ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။

လက်ကောက်ဝတ် ကရိယာများကို လွတ်မြောက်ရက် နီးနေပြီဖြစ်သည့် အကျဉ်းသားများ၊ နာတာရှည်နှင့် ကူးစက်ရောဂါ ခံစားနေရသော အကျဉ်း
သားများကို အဓိက တပ်ဆင်ပေးထားရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံ၏ Corrections Departement မှ လက်ထောက်ညွှန်ကြားရေးမှူး Kobkiat Kasiwiwat က ပြောကြားသည်။

ထို့အပြင် ယခုအစီအစဉ်မှာ ထိုင်းအကျဉ်းထောင်များတွင် အကျဉ်းသားများ စုပြုံနေသည့် ပြဿနာအား ကူညီဖြေရှင်းနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မတ်လ ၁ ရက်နေ့ စာရင်းများအရ ထိုင်းနိုင်ငံရှိ အကျဉ်းထောင် ၁၄၃ ခုတွင် အကျဉ်းသား ၂၆၂,၀၇၇ ဦးကို ထိန်းသိမ်း အကျဉ်းချထားကြောင်း သိရသည်။ ထိုင်းအကျဉ်းထောင် အများစုရှိ အကျဉ်းသားဦးရေမှာ အကျဉ်းထောင်၏ အကျဉ်းသား ဝင်ဆံ့သော ပမာဏသတ်မှတ်ချက်ထက် ၂ ဆ သို့မဟုတ် ၃ ဆခန့် ကျော်လွန်များပြားနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ထိုင်းနိုင်ငံ Corrections Department က နည်းပညာသုံး အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ ပေးသွင်းနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများ ကို
ဈေးပြိုင်စစနစ်ဖြင့် အဆိုပြုလွှာများ ခေါ်ယူသွားမည်ဖြစ်သည်။

Source: BangkokPost
Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...