
ထိုင်းနိုင်ငံ ရတ်ချဘူရီမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုကြောင့် ဆေးရုံပို့လိုက်ရသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
တယောက်က အသက် ၆ နှစ်၊ တယောက်က ၄ လ လို့ သိရပါတယ်။
ကားမှောက်ပြီး လမ်းဘေးထိုးကျသွားရတဲ့အကြောင်းရင်းက ဘီးပေါက်တဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
တရားဝင် စာရွက်စာတမ်း မရှိတဲ့အတွက် သူတို့ အဖမ်းခံရတယ်၊ သူတို့ကို နေရပ်ရင်းပြန်ပို့ဖို့ မဲဆောက်မြို့ကို အသွားမှာ ဒီမတော်တဆမှု ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
သန်းထိုက်ဦး ~
ကိုးကား - www.dailynews.co.th
ဧရာဝတီ
No comments:
Post a Comment