ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားရန် သွေးဆောင် စည်းရုံးသူများအား အရေးယူ

Thursday 14 March 2013

တရုတ်နိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားရန် သွေးဆောင် စည်းရုံးသူများအား အရေးယူ


Photo: တရုတ်နိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားရန် သွေးဆောင်
စည်းရုံးသူများအား အရေးယူ
Thursday, March 14, 2013

၁၂-၃-၂ဝ၁၃ ရက်နေ့ ၁၅၁၅ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စမ်ကျေးရွာတွင် တစ်ခုလပ်/အပျိုများမှ တရုတ်နိုင်ငံသားများအား ယူမည့်သူရှိက တင့်တောင်းတင့်တယ်
တောင်းရမ်းယူမည်ဟု လှည့်လည်ပြောဆိုနေသူ လားရှိုးမြို့၊ (၁၂)ရပ်ကွက်၊ နယ်မြေ(၁၇)နေ မအေးရင် (ခ)အားလျှံ(၄၃)နှစ်နှင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာနေ ဒေါ်အေးဖြစ်(၅၆)နှစ်တို့ ၂ ဦးအား နမ့်စမ်
ကျေးရွာသူကြီးအိမ်တွင် ခေါ်ဆောင်ထားကြောင်းသတင်းအရ လားရှိုးလူကုန်ကူးမှု(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးခဲ့ရာ မအေးရင်သည် လွန်ခဲ့သော(၇)လခန့်က
ဒေါ်အေးဖြစ်၏သမီးဖြစ်သူ မအေးလင်းယုံ(၃ဝ)နှစ်အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့အနီးနေ တရုတ်နိုင်ငံသား ရှောက်ဖူကျန် ဆိုသူနှင့် လက်ထပ်ပေးခဲ့ပြီး တောင်းရမ်းခငွေကျပ်(၁၂)သိန်းအား မိခင်ဖြစ်သူ ဒေါ်အေးဖြစ်မှ လက်ခံခဲ့ကြောင်း၊ ၈-၂-၂ဝ၁၃ ရက်နေ့တွင်
ဒေါ်အေးဖြစ်သည် မအေးရင်နှင့်အတူ လင်ချန်းမြို့သို့လိုက်သွားပြီး မအေးရင်၏ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား ကျော့မြင်ချောင်၏
အစ်ကိုဝမ်းကွဲတော်စပ်သူ လီရှန်းချန်သည် မြန်မာအမျိုးသမီးနှင့် လက်ထပ်လိုကြောင်း၊ တောင်းရမ်းခအဖြစ် တရုတ်ယွမ်ငွေ(၁ဝဝဝဝ)
ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း တာဝန်ယူမည်ဖြစ်ကြောင်း
ပြောသဖြင့် ၎င်းတို့ ၂ ဦးသည် ကျော့မြင်ချောင်နှင့်လီရှန်းချန်တို့ 
၂ ဦးအား ၄-၃-၂ဝ၁၃ ရက်နေ့က ချင်းရွေဟော်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ခေါ်ဆောင်လာကာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ မအေးရင် ငှားရမ်း နေထိုင်သည့်နေအိမ်တွင် တည်းခိုနေထိုင်စေခဲ့ကြောင်း၊ 
ထို့နောက် လီရှန်းချန်နှင့်လက်ထပ်မည့် အမျိုးသမီးအား လိုက်လံ စည်းရုံးခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ 

သို့ဖြစ်၍ မအေးရင်၏ နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ
၎င်း၏နေအိမ် တွင် တည်းခိုနေထိုင်နေသည့် ကျော့မြင်ချောင် (၃၉)နှစ်
နှင့် လီရှန်းချန်(၃ဝ)နှစ်တို့ ၂ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့်
ဒေါ်အေးဖြစ်၊ မအေးရင်(ခ)အားလျှံ၊ ကျော့မြင်ချောင်နှင့် လီရှန်းချန်တို့ ၄ ဦးအား လားရှိုးအမှတ်(၁)ရဲစခန်း (ပ)၁၁၆/၂ဝ၁၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force၁၂-၃-၂ဝ၁၃ ရက်နေ့ ၁၅၁၅ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စမ်ကျေးရွာတွင် တစ်ခုလပ်/အပျိုများမှ တရုတ်နိုင်ငံသားများအား ယူမည့်သူရှိက တင့်တောင်းတင့်တယ်
တောင်းရမ်းယူမည်ဟု လှည့်လည်ပြောဆိုနေသူ လားရှိုးမြို့၊ (၁၂)ရပ်ကွက်၊ နယ်မြေ(၁၇)နေ မအေးရင် (ခ)အားလျှံ(၄၃)နှစ်နှင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာနေ ဒေါ်အေးဖြစ်(၅၆)နှစ်တို့ ၂ ဦးအား နမ့်စမ်
ကျေးရွာသူကြီးအိမ်တွင် ခေါ်ဆောင်ထားကြောင်းသတင်းအရ လားရှိုးလူကုန်ကူးမှု(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ မအေးရင်သည် လွန်ခဲ့သော(၇)လခန့်က


ဒေါ်အေးဖြစ်၏သမီးဖြစ်သူ မအေးလင်းယုံ(၃ဝ)နှစ်အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့အနီးနေ တရုတ်နိုင်ငံသား ရှောက်ဖူကျန် ဆိုသူနှင့် လက်ထပ်ပေးခဲ့ပြီး တောင်းရမ်းခငွေကျပ်(၁၂)သိန်းအား မိခင်ဖြစ်သူ ဒေါ်အေးဖြစ်မှ လက်ခံခဲ့ကြောင်း၊ ၈-၂-၂ဝ၁၃ ရက်နေ့တွင်
ဒေါ်အေးဖြစ်သည် မအေးရင်နှင့်အတူ လင်ချန်းမြို့သို့လိုက်သွားပြီး မအေးရင်၏ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား ကျော့မြင်ချောင်၏
အစ်ကိုဝမ်းကွဲတော်စပ်သူ လီရှန်းချန်သည် မြန်မာအမျိုးသမီးနှင့် လက်ထပ်လိုကြောင်း၊ တောင်းရမ်းခအဖြစ် တရုတ်ယွမ်ငွေ(၁ဝဝဝဝ)
ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း တာဝန်ယူမည်ဖြစ်ကြောင်း
ပြောသဖြင့် ၎င်းတို့ ၂ ဦးသည် ကျော့မြင်ချောင်နှင့်လီရှန်းချန်တို့
၂ ဦးအား ၄-၃-၂ဝ၁၃ ရက်နေ့က ချင်းရွေဟော်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ခေါ်ဆောင်လာကာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ မအေးရင် ငှားရမ်း နေထိုင်သည့်နေအိမ်တွင် တည်းခိုနေထိုင်စေခဲ့ကြောင်း၊
ထို့နောက် လီရှန်းချန်နှင့်လက်ထပ်မည့် အမျိုးသမီးအား လိုက်လံ စည်းရုံးခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

သို့ဖြစ်၍ မအေးရင်၏ နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ
၎င်း၏နေအိမ် တွင် တည်းခိုနေထိုင်နေသည့် ကျော့မြင်ချောင် (၃၉)နှစ်
နှင့် လီရှန်းချန်(၃ဝ)နှစ်တို့ ၂ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့်
ဒေါ်အေးဖြစ်၊ မအေးရင်(ခ)အားလျှံ၊ ကျော့မြင်ချောင်နှင့် လီရှန်းချန်တို့ ၄ ဦးအား လားရှိုးအမှတ်(၁)ရဲစခန်း (ပ)၁၁၆/၂ဝ၁၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...