
ယင်းနေ့တာဝန်ကျ ရဲတပ်သား တစ်ဦးက “ထွက်ပြေးသွားတာ ရဲတပ်သားတစ်ဦးပါ။ အခုတော့ ရှာဖွေနေတုန်းပါ” ဟုသာ ဖြေကြားသည်။
ယခု ထွက်ပြေးသွားသူ ရဲတပ်သားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ မရှိသဖြင့် မဖြေဆိုနိုင်ကြောင်း တာဝန်ကျ ရဲတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသော ရဲပြေးစာရင်းတွင် ယခုဖြစ်စဉ် မတိုင်မီ အလုံမြို့နယ် ရဲစခန်းမှ ထွက်ပြေး ရဲတပ်သား ခုနစ်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မတ် ၈ ရက်က တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment