ဧဒင်အချစ်ပုံပြင်: ရဲထောင်ခြောက်တွင် ဖမ်းဆီးခံရသူများ(ဖြစ်ရပ်မှန်)

Thursday 7 March 2013

ရဲထောင်ခြောက်တွင် ဖမ်းဆီးခံရသူများ(ဖြစ်ရပ်မှန်)


အမှုဖြစ်ရပ်မှန်အား လေးစားစွဖြင့်တင်ပြအပ်ပါသည်။

၁။ 23.2.2013 ရက်နေ့ ည(73း0)နာရီအချိန်တွင် ဝေါမြို့နယ်၊
ညောင်ခါးရှည်ကျေးရွာ၊ လမ်းမတော်(၁)လမ်းရှိ မေတ္တာဦး လဘက်ရည်ဆိုင်သို့
တိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ
လောင်းကစားမှုအတွက်ဝင်ရောက်ဖမ်းဆီးခဲ့ပါသည်။ ထိုဖမ်းဆီးသည့်ဖြစ်ရပ်မှန်ကို
အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

၂။ ထိုနေ့(စနေနေ့)ညနေ(၅)နာရီနှင့် (၆)နာရီကြား တွင် ညောင်ခါး ရှည်ရွာ၏တောင်ဘက်(၂)မိုင်ခန့်တွင်ရှိသော အထက်ပန်းညိုရွာနေ
ကိုငယ်လေး(ဘ)ဦးအောင်တင်သည် ထိုဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်အပေါ်ထပ်၌ပိုကာဒေါင်းမည်ဟုပြောပါသည်။ ဆိုင်ရှင်ကိုပိုင်းစိုးမှ


မလုပ်ရန်နှင့် ဖဲထုပ်လည်းမရှိကြောင်း ပြောပါသည်။ ကိုငယ်လေးသည်
ဆိုင်မှတစ်ခြားနေရာသို့ထွက်သွားပါသည်။ ခဏအကြာ၌ ကိုငယ်လေးပြန်ရောက် လာပြီး၎င်းလက်ထဲ၌ ဖဲထုပ်အနီ(၁)ထုပ်နှင့် အပြာ(၁)ထုပ်ကိုကိုင်၍ဖဲထုပ်ပေါပါတယ်ဟုပြောဆိုပြီး ဆိုင်အတွင်းသို့
ပြန်ဝင်လာပါသည်။ ထိုအချိန်က ဆိုင်ရှင်ကိုပိုင်စိုးမှာဆိုင်ရှေ့ရေဖျန်းနေ သဖြင့် ကိုယ်လေးပြန်ဝင်လာသည်ကိုမသိနိုင်ပါ။

ကိုငယ်လေးသည် ကမ်းကြီးဆိပ်ရွာမှ ကိုဟန်သိန်းဦးအား ဖဲထုပ်ရပြီ
အပျော်ပိုကာဒေါင်းမည်ဟုပြောရာ ကိုဟန်သိန်းဦးက ငါမကစားချင်ဘူးဟု
ပြန်ပြောပါသည်။ ကစားမည့်သူမရှိလျှင် ကျွန်တော်လူ သွားခေါ်မည် ဟုပြောဆိုကာလဘက်ရည်ဆိုင်ခြေရင်းဘက်ရှိ စားဖျော်ဆိုင်ဘက်သို့ ထွက်သွားပါသည်။ ထို့နောက်ကိုဦးဆိုသူအား အတင်းဆွဲခေါ် လာပါသည်။ ထို့အပြင် ထိုဆိုင်တွင်လက်ဘက်ရည်သောက်နေသူ ၏ ဦးအောင်မြင့် အား အပျော်ကာဒေါင်းမည်ဟုပြောရာ ကိုအောင်မြင့်ကငါပိုက်ဆံ မရှိ ဘူး မဒေါင်းဘူးဟုပြောရာ ကိုငယ်လေးက လာပါအပျော်ဒေါင်းတာဘဲ
ပိုက်ဆံမပါလည်းကျွန်တော်ပေးထားမည်ဟု ပြော၍ ကိုအောင်မြင့်ကို ပိုက်ဆံ(၃၀၀၀/ိ)ထုတ်ပေးလိုက်ပါသည်။

ထို့နောက် ကိုငယ်လေးသည် ကိုအောင်မြင့်၊ ကိုဦးနှင့် ကိုဟန်သိန်း တို့
(၃)ဦးအား ကိုပိုင်စိုး၏လက်ဘက်ရည်ဆိုင်အပေါ်ထပ်သို့ အတင်းခေါ်တက်သွားပြီးအပေါ်ထပ်ရောက်သည့်အခါ ကိုငယ်လေးသည် ၄င်းလက်ထဲမှ ဖဲထုပ်(၂)ထုပ်ကိုပေါင်းရောပြီး အပျင်းပြေကစား မည်ဟုပြောပါသည်။

၃။ ထိုအခါ ကိုဦးမှ ငါ့မှာပိုက်ဆံမရှိဘူးဟုပြောရာ ကိုငယ်လေးမှပင်
ကိုဦးကိုပိုက်ဆံ (၅၀၀၀ိ/) ထုတ်ပေးပြီး နိုင်တဲ့သူလက်ဘက် ရည်တိုက်ရ မည်ဟုပြောကာ ကိုငယ်လေးမှ ဖဲများကိုဝေ၍ကစားကြပါသည်။
ခဏအကြာတွင် အထက်ပန်းညိုရွာမှ ကိုတင့်ဝေနှင့် ကိုဟန်စောဦးတို့

(၂)ဦး အငယ်လေးရှိရာဘက်သို့လာပြီး မင်းကိုငါတို့လာပြန်ကြိုတာ ဟုပြောပါသည်။ ကိုငယ်လေးက ခဏထိုင်စောင့်ဟုပြောသဖြင့်
ကိုတင့်ဝေနှင့် ကိုဟန်စောဦးတို့ ကိုငယ်လေးအနီးတွင်ထိုင်စောင့်နေစဉ်
ဖမ်းဆီးသည့်အဖွဲ့ အပေါ်ထပ်တက်လာပြီး ပိုကာဒေါင်းနေသည့်

ကိုငယ်လေး၊ ကိုဦး၊ ကိုဟန်သိန်းဦး၊ ကိုအောင်မြင့်နှင့်ကိုငယ်လေးကို ထိုင်စောင့်နေသည့် ကိုတင့်ဝေ၊ ကိုဟန်စောဦး အပါအ၀င်(၆)ဦး
တို့ကိုဖမ်းဆီးလက်ထိပ်ခတ်ပါသည်။ ထို့နောက် အမည်များရေး ၍ မေးမြန်းနေစဉ်ရဲတပ်ဖွဲ့မှ အောင်နေလင်းဆိုသူအပေါ်ထပ်သို့တက်လာပြီး
နောက် ကိုတင့်ဝေနှင့် အတူတွဲ၍ လက်ထိပ်ခတ်ထားသော ဖဲကစားရန် စီစဉ်သူကိုငယ်လေးအား လက်ထပ်ဖြုတ်ခိုင်း၍ လွှတ်ပေးလိုက်ပါသည်။

၎။ ရဲတပ်ဖွဲ့မှ အောင်နေလင်းသည် ကိုငယ်လေး၏အစ်မကျောင်း ဆရာမလုပ်သူဒေါ်စီစီမော်၏ ယောက်ျားဖြစ်ပါ သည်။ ထိုလဘက် ရည်ဆိုင်အပေါ်ထပ်တွင် တစ်ကြိမ်တစ်ခါမျှဖဲဝိုင်းလုပ်သည် ကိုလည်းမတွေ့ရပါ။ ကျွန်တော်တို့ ကိုယ်တိုင်မှလည်းကိုငယ်လေး အဓမ္မသွေးဆောင် ခေါ်ယူမှုကြောင့် ၄င်း၏ငွေနှင့် ပင်အပျင်းပြေဆိုပြီး
ကိုငယ်လေးပြောသည့်အတိုင်း ကစားကြခြင်းဖြစ်ပါသည်။ ကိုငယ်လေးသည်
၎င်းကိုယ်တိုင်ဖဲထုပ်ရှာ၍၀ိုင်းတည်ပြီး ကျွန်တော်တို့ကစားရန်
စီစဉ်ဖန်တီးခဲ့သူဖြစ်ပါသည်။

၅။ သို့ပါလျှက် ၄င်းအားလာကြိုသူ ကိုတင့်ဝေ၊ ကိုဟန်စောတို့(၂)ဦးမှာ
မကစားဘဲ ၄င်းအားစောင့်ဆိုင်းနေစဉ် အဖမ်းခံရခြင်းရှိပြီး၊ဖဲကစားရန် အဓမ္မစီစဉ်သူ ကိုငယ်လေးသည် ဖမ်းဆီးသည့်အဖွဲ့မှကျွန်တော်တို့အား ထိုင်ခိုင်း၍ ၁၀/၁၅ မိနစ်ခန့် ကြာသည်အထိဓာတ်ပုံရိုက်ခြင်း
မေးမြန်းခြင်း များပြုလုပ်ပြီးမှ ၄င်းကိုပြန်လွှတ်ပေးလိုက်သည်မှာ
မမှန်မကန်ဆောင်ရွက်ခြင်းသာဖြစ်ပါသည်။

၆။ ယခုတင်ပြသော ကျွန်တော်တို့(၅)ဦးတွင် ကိုငယ်လေး၏ လုပ်ကြံစီစဉ်မှုဖြင့်ကိုအောင်မြင့်၊ ကိုဦး၊ ကိုဟန်သိန်းဦးတို့ အဖမ်းခံရသည့် အပြင်ကိုဟန်စောဦးနှင့် ကိုတင့်ဝေတို့မှာ လောင်းကစားရာ တွင်ပါ ၀င်ခြင်း မရှိဘဲကိုငယ်လေးကိုစောင့်နေရာမှ ဖမ်းဆီးခံရသောသူများဖြစ်ပါ၍
အဖြစ် မှန်အားသိရှိနိုင်ပါရန်နှင့် ဖြစ်ရပ်မှန်အပေါ်စစ်ဆေး၍
ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။

ဖမ်းဆီးခံရသူများ

၁။ ဦးအောင်မြင့်(ဘ)ဦးကွန်ပါ
၂။ ဦးတင့်ဝေ(ဘ)ဦးထွန်းဝေ
၃။ ဦးကိုကိုဦး(ဘ)ဦးစိုးတင့်
၎။ ဦးဟန်စော(ဘ)ဦးချစ်ဝေ
၅။ ဦးဟန်သိန်းဦး(ဘ)ဦးစိုးချစ်
၆။ ဦးပိုင်စိုး

ဆက်သွယ်ရန်ဖုန်း ၀၉ ၄၉၄၃၅၈၄၃/ ၀၉ ၄၂၈၁၉၁၂၃၃ ဦးအောင်မြင့်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဒေါက်တာ လမ်းပြကြယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...