ဧဒင်အချစ်ပုံပြင်: အရည်အချင်းမြင့်မော်ဒယ် တွေ့မြင်လိုတဲ့ အိန္ဒြာကျော်ဇင်

Wednesday 6 March 2013

အရည်အချင်းမြင့်မော်ဒယ် တွေ့မြင်လိုတဲ့ အိန္ဒြာကျော်ဇင်


အရည်အချင်းမြင့်မော်ဒယ် တွေ့မြင်လိုတဲ့ အိန္ဒြာကျော်ဇင်
နိုင်ငံတကာအဆင့်မီ မော်ဒယ်ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မော်ဒယ်တစ်ယောက်၏ အခြေခံကျသော အရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း မော်ဒယ်ခေတ်ဦးတွင် မော်ဒယ်တစ်ဦး
အဖြစ် အောင်မြင်ခဲ့သည့် သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်က ပြောကြားသည်။
"မော်ဒယ်တစ်ယောက်ရဲ့ အခြေခံအရည်အချင်းနဲ့ ပြည့်စုံနေရင်တော့ ကောင်းတာပေါ့။ မော်ဒယ်ဆိုရင် လမ်းလျှောက်တာကအစ ဟန်ပန်အမူအရာ၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ပညာ၊ ဗဟုသုတ အားလုံးကို လေ့လာထားနိုင်ရင် အကောင်းဆုံးပဲ။ ပြီးသွားတဲ့ မစ္စမြန်မာမျိုးဆို ပိုဆိုးတယ်။ လေ့လာအားကောင်းမှ၊ အင်္ဂလိပ်စကား လေယူလေသိမ်း ပြောနိုင်ဆိုင်နိုင်ဖြစ်မှ ၀င်ပြိုင်တာကောင်းတယ်" ဟု Miss Myanmar 2013 ပြိုင်ပွဲမှ ပြိုင်ပွဲဝင်မော်ဒယ်များနှင့် ပတ်သက်၍ အိန္ဒြာကျော်ဇင်က မှတ်ချက်ပြု ပြောကြားသည်။
 ဖေဖော်ဝါရီလအတွင်းက ဒီဗီဒီ၊ ဗီဒီယိုဇာတ်ကား လက်ကျန်များနှင့် ကုန်ပစ္စည်းကြော်ငြာများသာ ရိုက်ကူးနေပြီး မကြာမီကျရောက်မည့် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ရုပ်ရှင်ရိုက်ကူးမှုများ ရပ်နား၍ မိသားစုနှင့် အပန်းဖြေရန်ရှိကြောင်း အိန္ဒြာကျော်ဇင်ကပြောသည်။
 "သင်္ကြန်တော့နားမယ်။ မနှစ်က ရန်ကုန်မှာ။ ပြည်ပထွက်ဖို့တော့ အစီအစဉ်မရှိသေးဘူး။ နည်းနည်းနီးရင်တော့ ဘယ်လိုနေမလဲ မသိဘူး။ သင်္ကြန်တွင်းတော့ အလုပ်မလုပ်ဘူး။ အနားယူမယ်" ဟု ပြောကြားသည်။ 
၂၀၁၃ ခုနှစ်အတွင်း အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားသော "အမုန်း၏ အတ္ထုပ္ပတ္တိ" နှင့် "အဖြူရောင်
ရဲတိုက်" ရုပ်ရှင်ဇာတ်ကားများ ရုံတင်ရန်ရှိသည်ဟု သိရှိရသည်။



ရေးသားသူ - အေးသူစံ
Credit - 7DayNews
Rangonnewsdaily: 7.3.2013

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...