ဧဒင်အချစ်ပုံပြင်: မလေးရှား နိုင်ငံတွင် ရှားပါး မျိုးနွယ်ဝင် အင်းကျား တစ်ကောင် ဖမ်းမိ

Tuesday 26 March 2013

မလေးရှား နိုင်ငံတွင် ရှားပါး မျိုးနွယ်ဝင် အင်းကျား တစ်ကောင် ဖမ်းမိ

မလေးရှား နိုင်ငံ ဖီလ်ဒါ ပီရာဆူး ဒေသတွင် ရှားပါး မျိုးနွယ်ဝင် အင်းကျား တစ်ကောင်ကို တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း ရေးနှင့် အမျိုးသား ဥယျာဉ် ဌာနက ဒေသခံ များ၏ သတင်း ပေးပို့ချက် အရ မတ် ၂၄ ရက်တွင် ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်းကျားမှာ အထီး ဖြစ်ပြီး ဆီအုန်း စိုက်ခင်း တစ်ခု ထဲတွင် မတ် ၂ဝ ရက် နံနက် ၈ နာရီက  တောခေါင်းများ ထောင်ထားသော ထောင်ချောက် တစ်ခု အတွင်း မိနေခဲ့ခြင်း ဖြစ်ကြောင်း တောရိုင်း တိရစ္ဆာန် ထိန်း သိမ်းရေး ဌာနမှ ညွှန်ကြား ရေးမှူး ရာမတ်တို ပါနီက ပြောကြား ခဲ့သည်။

ထို ဖမ်းဆီး ရမိ ခဲ့သော အင်းကျားသစ်မှာ ရှားပါး မျိုးစိတ် ဖြစ်ပြီး လူသား များကို တိုက်ခိုက် ခဲ့သည်ဟု မှတ်တမ်းများ မရှိ သော်လည်း ၎င်း အင်းကျားကို တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန က ထိန်းသိမ်း စောင့်ရှောက် ထားသည်။

ထို အင်းကျားကို ''Neofelis nebulosa'' ဟု သိပ္ပံ နာမည် ပေးထားပြီး လေးနှစ်သား အရွယ်နှင့် ခန္ဓာကိုယ် အမြင့် သုည ဒသမ ၅ မီတာရှိသည်ဟု ခန့်မှန်း ထားကြောင်း ၎င်းကို ကွာလာကို အမျိုးသား ဥယျာဉ် အတွင်း ရှိ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း ထားရာ ဥယျာဉ် အတွင်းသို့ မကြာမီတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။

http://bit.ly/14rjXnpမလေးရှား နိုင်ငံ ဖီလ်ဒါ ပီရာဆူး ဒေသတွင် ရှားပါး မျိုးနွယ်ဝင် အင်းကျား တစ်ကောင်ကို တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း ရေးနှင့် အမျိုးသား ဥယျာဉ် ဌာနက ဒေသခံ များ၏ သတင်း ပေးပို့ချက် အရ မတ် ၂၄ ရက်တွင် ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်းကျားမှာ အထီး ဖြစ်ပြီး ဆီအုန်း စိုက်ခင်း တစ်ခု ထဲတွင် မတ် ၂ဝ ရက် နံနက် ၈ နာရီက တောခေါင်းများ ထောင်ထားသော ထောင်ချောက် တစ်ခု အတွင်း မိနေခဲ့ခြင်း ဖြစ်ကြောင်း တောရိုင်း တိရစ္ဆာန် ထိန်း သိမ်းရေး ဌာနမှ ညွှန်ကြား ရေးမှူး ရာမတ်တို ပါနီက ပြောကြား ခဲ့သည်။

ထို ဖမ်းဆီး ရမိ ခဲ့သော အင်းကျားသစ်မှာ ရှားပါး မျိုးစိတ် ဖြစ်ပြီး လူသား များကို တိုက်ခိုက် ခဲ့သည်ဟု မှတ်တမ်းများ မရှိ သော်လည်း ၎င်း အင်းကျားကို တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန က ထိန်းသိမ်း စောင့်ရှောက် ထားသည်။

ထို အင်းကျားကို ''Neofelis nebulosa'' ဟု သိပ္ပံ နာမည် ပေးထားပြီး လေးနှစ်သား အရွယ်နှင့် ခန္ဓာကိုယ် အမြင့် သုည ဒသမ ၅ မီတာရှိသည်ဟု ခန့်မှန်း ထားကြောင်း ၎င်းကို ကွာလာကို အမျိုးသား ဥယျာဉ် အတွင်း ရှိ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း ထားရာ ဥယျာဉ် အတွင်းသို့ မကြာမီတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။
from-LAY MRO

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...