ဧဒင်အချစ်ပုံပြင်: အရက်နှင့် ဖားပြုတ် မြည်း ရာမှ လူတစ်ဦးသေဆုံး

Sunday 3 March 2013

အရက်နှင့် ဖားပြုတ် မြည်း ရာမှ လူတစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ဖြူးမြို့နယ် ၊ ပြောင်သေကျေးရွာအုပ်စု ရှိ အနောက်ရိုးမ တောတွင်း တစ်နေရာတွင် ဖေဖော်ဝါရီ လ ၂၁ ရက် ၊ နေ့လည် ၃ နာရီတွင် လူနှစ်ဦး က တောအရက်နှင့် ဖားပြုတ် မြည်း ရာ မှ ဖေဖော်ဝါရီ လ ၂၁ ရက် ၊ နေ့လည် ၃ နာရီတွင် တစ်ဦး သေဆုံးခဲ့ကြောင်း ဇေယျဝတီ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ
တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

အနောက်ရိုးမပေါ်သို့ ဌက်ပျောခုတ်သွားသော ပြောင်သေကျေးရွာ အနောက်ပိုင်း တွင် နေထိုင်သော အသက် ၅၅ နှစ် အရွယ် ဦးတင်ထွေးနှင့် တစ်ရွာထဲနေသူ အသက် ၄၄ နှစ် အရွယ် ဦးကိုကိုမောင်တို့ ဖားပြုပ် ၆ကောင်ကို ချက်ပြုတ်ကာ တောအရက် နှင့်ရောနှော စားသောက်ပြီး..... ၁၅ မိနစ်ခန့်အကြာတွင်ခေါင်းမူးသည်ဟုဆိုကာ နုတ်ခမ်းများ ပြာတတ်လာသောကြောင့် ဦးစံငြိမ်းက ကန်းစွန်းရွက်နှင့်သံပရာသီးကို ထောင်း၍ အရည်ကို တိုက်ခဲ့ရာ ဦးတင်ထွေးက မသောက်ခဲ့ကြောင်း ဖေဖေဝါရီလ၂၁ ရက်နေ့တွင် ယင်း နှစ်ဦးကို ဇေယျဝတီ တိုက်နယ်ဆေးရုံ သို့တင်ပို့ခဲ့ရာ နေ့လည် ၃ နာရီခန့်တွင်ဦးတင်ထွေး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းထံသို့ သို့ကနဦး သတင်းပေးချက်များ အရ သိရှိရသည်။

ဦးတင်ထွေး သည် အစာအဆိပ်သင့်သည့်သဖြင့် ကွယ်လွန်ခဲ့သည် ဟု ဇေယျဝတီ တိုက်နယ်ဆေးရုံ၊ ဆရာဝန်၏ ဆေးစစ်ချက် အရ သိရသည်။

အဆိုပါသေဆုံးမှု ကို ဇေယျဝတီ ရဲစခန်းမှ သေမှု သေခင်း အမှတ် ၃။၂၀၁၃ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တောင်ငူ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။
by-The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...