ဧဒင်အချစ်ပုံပြင်: ဆွမ်းကိစ္စ စကားများရာမှကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်

Sunday 3 March 2013

ဆွမ်းကိစ္စ စကားများရာမှကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ကြာအင်းရွာ လေးကျွန်းရန်အောင်
ကျောင်းတွင် သီတင်းသုံးနေသော ကြာအင်းဆရာတော်ဦးပညာသာရ ကို အဆိုပါကျောင်းတွင် ကိုရင်ကြီး ဝတ်နေသူ ဦးသိန်းထွန်းက
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နံနက် ( ၄) နာရီခန့်တွင် အာရုံဆွမ်း ချက်သည့် ကိစ္စစကားများရာမှ ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း မိုးကောင်း
ရဲစခန်း ထံမှစုံစမ်းသိရှိရသည်။

သက်တော် (၆၃) နှစ်နှင့် ဝါတော် ( ၂၀ ) နှစ်ရှိ ဆရာတော် ဦးပညာသာရမှာ ဦးခေါင်းတွင် ၃ ချက်၊ မေးစေ့တွင် တစ်ချက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ဆေးရုံအရောက်နံနက်၆း နာရီ ၄၀ မိနစ်ီတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ပေါက်တူးဖြင့်ခုတ်သူဦးသိန်းထွန်းမှာအဆိုပါ
လေးကျွန်းရန်အောင် ကျောင်းတွင် ကိုရင်ကြီးဝတ်နေသည်မှာ ၄ ရက်ခန့်သာရှိသေးကြောင်း မိုးကောင်းမြို့နယ်ရဲစခန်းမှူး က
ပြောကြားသည်။
 by-The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...