ဧဒင်အချစ်ပုံပြင်: သင်ဇာဝင့်ကျော် -ရဲ့အချစ်နှင့်ပက်သက်သောဖွင့်ဆိုချက် (Love & Marriage)

Thursday 28 March 2013

သင်ဇာဝင့်ကျော် -ရဲ့အချစ်နှင့်ပက်သက်သောဖွင့်ဆိုချက် (Love & Marriage)



တစ်ယောက်နဲ့တစ်ယောက် ရေရှည်တည်မြဲနေတယ်ဆိုတာ သံယောဇဉ်ကြောင့်ပါ။
မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုးသင်ဇာခံစားဖူးလား။
မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ ခံ စားမှုမျိုးတော့မခံစားဖူးဘူး။ လူတစ် ယောက်
ကိုမြင်သွားတယ်ဆိုရင် လည်း ဒါသူ့ကိုကြိုက်သွားတာ မ ဟုတ်ဘူး။ သူ့ရဲ့


နေထိုင်ပြောဆိုမှု အပြုအမူတွေကို သဘောကျတာ မျိုးပဲဖြစ်လိမ့်မယ်။ ချစ်ဖို့ဆိုတာက သူ့အကြောင်းကိုလည်း ကိုယ်ကသိ ဦးမှ ချစ်မှာလေ။ အဲဒီလောက်ကြီး မြင်မြင်ချင်းချစ်ရတဲ့ အချစ်မျိုးတော့ သင်ဇာ့ဘ၀မှာ တစ်ခါမှမကြုံဖူးသေး ဘူး။

ဆယ်ကျော်သက်တုန်းက အချစ်ကိုခံစားမိတဲ့ ခံစားမှုကရော

အဲဒီတုန်းကတော့ အရမ်းကို Serious ဖြစ်တာပေါ့။ ကိုယ်သ ဘောကျတဲ့
လူတွေ ကိုယ်ကြိုက် တဲ့လူတွေ ကိုယ့်အနားမှာရှိရင် အရမ်းရင်ခုန်တာ
မျိုးတော့ရှိတယ်။

ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး ခြေဖျားလက်ဖျားတွေ အေးလာ တယ်။ ငယ်ရွယ်သေးတဲ့ အချစ်ဆို တော့ တည်တည်ငြိမ်ငြိမ်မရှိဘူးပေါ့။

သဘောကျတဲ့လူတွေကလည်းဆယ် ကျော်သက်တုန်းကအများကြီးပဲ။
အချစ်နဲ့အိမ်ထောင်ပြုခြင်းက ဘယ်လို အချိုးကျတယ်လို့သင်ဇာ ထင်လဲ
အချစ်မပါဘဲယူလိုက်တဲ့လူတွေ လည်း ဥပမာ နှစ်တွေကြာလာတဲ့ အချိန်မှာ ချစ်ကြတာ မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်သံ ယောဇဉ်တွေဖြစ်သွား
တဲ့အတွက် ကြောင့်မို့လို့ ဆက်ပြီးတည်မြဲနေတာ၊ ခိုင်မြဲနေတာပေါ့။

ချစ်တယ်ဆိုတာ တကယ်တမ်းကျတော့ ဘာမှအရေး မကြီးတဲ့အရာတစ်ခု။ မိသားစု အ ချစ်၊ ဒါမှမဟုတ် သူငယ်ချင်းအချစ်၊ သင်ဇာအဲဒီလောက်ပဲ
ယုံကြည်တော့ တယ်။

နောက်ပိုင်းအချစ်တွေကျ တော့ သိပ်မယုံကြည်တော့ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ချစ် တယ်ဆိုတာ အစပိုင်းတော့ ချစ်ကြ မှာပါ။ နောက်ပိုင်း
ကျတော့ ရေရှည် တည်မြဲနေတယ်ဆို တာသံယောဇဉ် ကြောင့်ပါ။

လက်ရှိမှာ လက်ခံထားတဲ့ အချစ်ဆိုတာမျိုးကရော

အချစ်ဆိုတာမျိုးကတစ်ခါတ လေ လိုအပ်ပါတယ်။ တစ်ခါတလေ လည်း
အချစ်မရှိရင်ပျင်းသလိုလိုဖြစ် တယ်။ အချစ်ရှိပြန်တဲ့အခါကျတော့ လည်း မွှမ်းကျပ်တာတွေ စိတ်ဆင်း ရဲခဲ့ရတာတွေ၊ စိတ်ညစ်ရတာတွေ ကြုံခဲ့ရဖူး
တယ်။

အဲဒီလိုကြုံခဲ့ရဖူး တယ်ဆိုတော့ သင်ဇာ့ဘ၀မှာ ပျော် ပျော်ပဲနေချင်တယ်။ ၁၅၀၀ အချစ် မရှိလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးအခု ဖြစ်နေတယ်။

အချစ်ဇာတ်ကားတွေ သရုပ် ဆောင်တာများလာတော့ အချစ် ကို လက်ခံယုံကြည်တာကကိုယ်ကိုယ်တိုင်လည်းမချစ်ဖူး တာမဟုတ်ဘူး။
ချစ်ဖူးပါတယ်။ ကိုယ်ကလည်း ပုထုဇဉ်လူသားဖြစ် နေတဲ့ အတွက် အချစ်ဆိုတာလူ တိုင်းနဲ့ မကင်းဘူး။

ကိုယ်တကယ် တမ်း ကားရိုက်တဲ့အခါ အပြင်မှာ ဒီလိုဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုဖြစ် မလဲဆိုပြီးအမြဲ တမ်းသရုပ်ဆောင် တယ်။ ဒါပေမဲ့အဲဒီလို
မျိုးတွေ ခံစားဖူးလို့ မဟုတ်ဘူး။ မင်းသမီးဆို တာ ကိုယ်ခံစားဖူးမှ ဒီ
ဟာကိုလုပ် နိုင်ရမှာ မဟုတ်ဘူး။ ကိုယ်မခံစားဖူး လည်း ကိုယ်သာဆို ဘယ်လိုဖြစ်နိုင် မလဲ၊ ဘယ်လိုလုပ်မလဲ ဆိုတာကို တွေဆပြီးတော့လုပ်
နိုင်မယ် လို့သင်ဇာထင် တယ်။

ကလောင် - မိုးထက်ကျော်
Myawady News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...