
ဖွံ့ဖြိုးဆဲနိုင်ငံ အများစုကြီးတွင် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ကွာဟချက် ကြီးမားနေဆဲဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဝင်ငွေနည်း လူတန်းစားများတွင် ကွန်ပျူတာ မသုံးနိုင်သူ၊ အင်တာနက် မသုံးစွဲနိုင် သူဦးရေသည် သုံးစွဲနိုင်သူဦးရေထက် များပြားနေဆဲဖြစ်ကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်အရ သိရသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်အတွက် ကောက်ယူထားသော စစ်တမ်းတွင် ကမ္ဘာ့နိုင်ငံများ၏ ဒစ်ဂျစ်တယ် နည်းပညာအသုံးချနိုင်မှုကို အဆင့်သတ်မှတ်ခဲ့သည်။ အင်တာနက် သတင်းနည်းပညာနှင့် ဒစ်ဂျစ် တယ် နည်းပညာကို အသုံးချ၍ နိုင်ငံ၏တိုးတက်မှုနှင့် ပြည်သူများ၏ ဘဝသာယာဝပြောမှုကို
အထောက်အကူပြုနိုင်နှုန်းများကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
ထိုစစ်တမ်းအရ ဖင်လန်နိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချ၍ အင်တာနက်ကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ကျက်ပြီး နိုင်ငံသားများ၏ ဘဝသာယာဝပြောရေး၊ တိုးတက်ရေးများကို အလုပ်ဆောင်နိုင် ဆုံးနိုင်ငံအဖြစ် ပထမနေရာရရှိကြောင်း တွေ့ရသည်။ စင်ကာပူက ဒုတိယနေရာ ရရှိသည်။ ထို့နောက် ဆွီဒင်၊ နယ်သာလန်နှင့် နော်ဝေတို့က အစဉ်လိုက်ဖြစ်သည်။ အမေရိကန်နိုင်ငံက အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိသည်။ ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံသားများ လက်လှမ်းမီအောင် ကြိုးပမ်းနိုင်မှုပိုင်း တွင် ဖွံ့ဖြိုးဆဲ အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိက တို့သည် နောက်ကောက် ကျလျက်ရှိကြောင်းလည်း တွေ့ရသည်။ တရုတ်က အဆင့် ၅၈၊ ရုရှားက အဆင့် ၅၄၊ ဘရာဇီးက အဆင့် ၆၅၊ အိန္ဒိယက အဆင့် ၆၈၊ တောင်အာဖရိကက အဆင့် ၇၀ တို့တွင် ရပ်တည်လျက် ရှိနေသည်။
"အာဖရိက၊ လက်တင် အမေရိက၊ အရှေ့တောင်အာရှ ဒေသတွေက ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာ ကွန်ပျူတာ မသုံးနိုင်သူ၊ အင်တာနက် မသုံးနိုင်သူ အများအပြား ရှိနေသေးပါတယ်၊ ဒစ်ဂျစ်တယ် နည်းပညာ ကွာဟချက် ကြီးမားနေဆဲဖြစ်ပါတယ်" ဟု ကမ္ဘာ့ စီးပွားရေးဖိုရမ်မှ ဘောဂဗေဒ ပညာရှင် ဘန်းနတ် အိုဆိုရီယိုက ပြောသည်။
စစ်တမ်းတွင် ပါဝင်သော ၁၄၄ နိုင်ငံအနက် ဘရွန်ဒီ နိုင်ငံက အဆင့်နောက်ဆုံးဖြစ်ပြီး ယီမင်၊ အယ်ဂျီးရီးယားနှင့် ဟေတီတို့က နောက်ဆုံးမှအထက်သို့ အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
Source: AFP
The Messenger Journal
No comments:
Post a Comment