ဧဒင်အချစ်ပုံပြင်: သုဿန်မြေအငြင်းပွားမှုကြောင့် သံဃာ နှင့် ဒကာများကြား ပဋိပက္ခအသွင်ဆောင်သောဖြစ်ရပ်ဖြစ်ပွား

Tuesday 2 April 2013

သုဿန်မြေအငြင်းပွားမှုကြောင့် သံဃာ နှင့် ဒကာများကြား ပဋိပက္ခအသွင်ဆောင်သောဖြစ်ရပ်ဖြစ်ပွား


Photo: သုဿန်မြေအငြင်းပွားမှုကြောင့် သံဃာ နှင့် ဒကာများကြား ပဋိပက္ခအသွင်ဆောင်သောဖြစ်ရပ်ဖြစ်ပွား
Tuesday, April 2, 2013

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျွဲခြံကျေးရွာအတွင်းရှိ မုတ္တမကျွဲခြံကျေးရွာသုဿန်နှင့် ကျိုက်ပွန်ရွာသုဿန်နှစ်ခုလုံး၌ အသုဘကိစ္စများဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့မှတရားဝင် ကြေညာချက်ထုတ်ပြန်ထားပါသော် လည်း ရွာကျော် အသုဘမြေချ သင်္ဂြိုလ်မှုအချို့ကြောင့် နှစ်ဘက် ရွာသူရွာသားများကြား ပဋိပက္ခ အသွင်ဆောင်သော တင်းမာမှုများ ဖြစ်လာပြီး မကြာသေးမီအတွင်း အသုဘကိစ္စတစ်ခု၌မူ သရဏံဂုံ တင်ရန်လာသော သံဃာများကို ပင် ကျိုက်ပွန်ရွာမှ ရွာသူရွာသား များက ကြမ်းတမ်းစွာဆက်ဆံခဲ့ပြီး သံဃာတစ်ပါးမှ ကြမ်းတမ်းစွာ ပြောဆိုနေသော အမျိုးသမီးတစ် ဦးအား ပါးရိုက်ခဲ့သည်စကာနှစ်ဘက် တင်းမာမှုပိုမိုပြင်းထန်ခဲ့ကြောင်း သိရှိရသည်။
“အမှန်တော့ မုတ္တမကျွဲခြံ သင်္ချိုင်းကရွာနဲ့လည်းနီးကပ်နေ တယ်။ ပြီးတော့သင်္ချိုင်းရှေ့တည့် တည့်မှာလည်း မူလတန်းကျောင်း ကရှိနေတယ်။ အသုဘအများစု ကတော့ မြေမြှုပ်တာပေါ့နော်။ ဒါပေမဲ့ အချို့အလောင်းတွေကြ တော့ မီးသင်္ဂြိုလ်ရတယ်။ အဲသလို ဆိုရင် ကျောင်းကကလေးတွေ အတွက် မကောင်းဘူး။ သင်္ချိုင်း နဲ့ နီးတော့ အပမီတာတွေလည်း ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ကျိုက်ပွန်သုဿန်မှာ သွားပြီး အသုဘကိစ္စစီစဉ်တာပါ။ အဲဒါ အရင်ထဲကထည်း အသုဘကိစ္စ စီစဉ်လာတာပဲ။ အဲဒါတဲ့ ဒီနေ့က အသုဘသွားပို့တာ လမ်းမှာ တစ်ဘက်ရွာကလူတွေကတားပြီး ပေးမသွားဘူး။ အဲဒါနဲ့ ပတ်သက် ပြီး ပါလာတဲ့သံဃာတွေကလည်း အမျိုးမျိုးနားချတတောင် သံဃာ ကိုလက်ငြိုးငေါက်ငေါက်ထိုးပြီး ရိုင်းစိုင်းစွာပြန်ဆက်ဆံတယ်။ အဲဒီမှာပဲ သံဃာတစ်ပါးက ရိုင်းရိုင်း စိုင်းစိုင်းပြောနေတဲ့ မိန်းမတစ် ယောက်ကို ပါးရိုက်လိုက်တာ အဲဒီမှာပဲ ပြဿနာကြီးသွားတယ်” ဟု ပြဿနာအား ကိုယ်တိုင်ကြုံ တွေ့ခဲ့သူတစ်ဦးက ပြောကြား သွားခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ (၃၁.၁၀.၂၀၁၃) ရက်စွဲဖြင့် ထုတ်ပြန်သော ၂၀၀/၃-၁၁/၀၀၇ (မွန်)၌လည်း မုတ္တမကျဲခြံရွာ သုဿန်နှင့် ကျိုက်ပွန်ရွာသုဿန် နှစ်ခုလုံး၌ အသုဘကိစ္စရပ်များ ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြ ပါရှိထားပါသော်လည်း တစ်ဖက် မှ သဘောထားတင်းမာနေမှုကြောင့် လက်ရှိတွင် အသုဘကိစ္စများ ဆောင်ရွက်၍မရကြောင်းနှင့် ကျိုက်ပွန်ရွာမှရွာသူရွာသားများက လည်း မြန်မာ့ရိုးရာဓလေ့ထုံးစံအရ အသုဘအား အခြားတစ်ရွာသို့ ဖြတ်ကျော်သယ်ဆောင်မည်ဆိုပါက ရွာထိပ်နတ်စင်၌ ကန်တော့ပွဲပေး ၍ သယ်ဆောင်ရကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ခန့်ခန့်(ဒဿနိက)

The Hot Newsမွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျွဲခြံကျေးရွာအတွင်းရှိ မုတ္တမကျွဲခြံကျေးရွာသုဿန်နှင့် ကျိုက်ပွန်ရွာသုဿန်နှစ်ခုလုံး၌ အသုဘကိစ္စများဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့မှတရားဝင် ကြေညာချက်ထုတ်ပြန်ထားပါသော် လည်း ရွာကျော် အသုဘမြေချ သင်္ဂြိုလ်မှုအချို့ကြောင့် နှစ်ဘက် ရွာသူရွာသားများကြား ပဋိပက္ခ အသွင်ဆောင်သော တင်းမာမှုများ ဖြစ်လာပြီး မကြာသေးမီအတွင်း အသုဘကိစ္စတစ်ခု၌မူ သရဏံဂုံ တင်ရန်လာသော သံဃာများကို ပင် ကျိုက်ပွန်ရွာမှ ရွာသူရွာသား များက ကြမ်းတမ်းစွာဆက်ဆံခဲ့ပြီး
သံဃာတစ်ပါးမှ ကြမ်းတမ်းစွာ ပြောဆိုနေသော အမျိုးသမီးတစ် ဦးအား ပါးရိုက်ခဲ့သည်စကာနှစ်ဘက် တင်းမာမှုပိုမိုပြင်းထန်ခဲ့ကြောင်း သိရှိရသည်။
“အမှန်တော့ မုတ္တမကျွဲခြံ သင်္ချိုင်းကရွာနဲ့လည်းနီးကပ်နေ တယ်။ ပြီးတော့သင်္ချိုင်းရှေ့တည့် တည့်မှာလည်း မူလတန်းကျောင်း ကရှိနေတယ်။ အသုဘအများစု ကတော့ မြေမြှုပ်တာပေါ့နော်။ ဒါပေမဲ့ အချို့အလောင်းတွေကြ တော့ မီးသင်္ဂြိုလ်ရတယ်။ အဲသလို ဆိုရင် ကျောင်းကကလေးတွေ အတွက် မကောင်းဘူး။ သင်္ချိုင်း နဲ့ နီးတော့ အပမီတာတွေလည်း ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ကျိုက်ပွန်သုဿန်မှာ သွားပြီး အသုဘကိစ္စစီစဉ်တာပါ။ အဲဒါ အရင်ထဲကထည်း အသုဘကိစ္စ စီစဉ်လာတာပဲ။ အဲဒါတဲ့ ဒီနေ့က အသုဘသွားပို့တာ လမ်းမှာ တစ်ဘက်ရွာကလူတွေကတားပြီး ပေးမသွားဘူး။ အဲဒါနဲ့ ပတ်သက် ပြီး ပါလာတဲ့သံဃာတွေကလည်း အမျိုးမျိုးနားချတတောင် သံဃာ ကိုလက်ငြိုးငေါက်ငေါက်ထိုးပြီး ရိုင်းစိုင်းစွာပြန်ဆက်ဆံတယ်။ အဲဒီမှာပဲ သံဃာတစ်ပါးက ရိုင်းရိုင်း စိုင်းစိုင်းပြောနေတဲ့ မိန်းမတစ် ယောက်ကို ပါးရိုက်လိုက်တာ အဲဒီမှာပဲ ပြဿနာကြီးသွားတယ်” ဟု ပြဿနာအား ကိုယ်တိုင်ကြုံ တွေ့ခဲ့သူတစ်ဦးက ပြောကြား သွားခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ (၃၁.၁၀.၂၀၁၃) ရက်စွဲဖြင့် ထုတ်ပြန်သော ၂၀၀/၃-၁၁/၀၀၇ (မွန်)၌လည်း မုတ္တမကျဲခြံရွာ သုဿန်နှင့် ကျိုက်ပွန်ရွာသုဿန် နှစ်ခုလုံး၌ အသုဘကိစ္စရပ်များ ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြ ပါရှိထားပါသော်လည်း တစ်ဖက် မှ သဘောထားတင်းမာနေမှုကြောင့် လက်ရှိတွင် အသုဘကိစ္စများ ဆောင်ရွက်၍မရကြောင်းနှင့် ကျိုက်ပွန်ရွာမှရွာသူရွာသားများက လည်း မြန်မာ့ရိုးရာဓလေ့ထုံးစံအရ အသုဘအား အခြားတစ်ရွာသို့ ဖြတ်ကျော်သယ်ဆောင်မည်ဆိုပါက ရွာထိပ်နတ်စင်၌ ကန်တော့ပွဲပေး ၍ သယ်ဆောင်ရကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ခန့်ခန့်(ဒဿနိက)

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...