
လူစိတ်ရှိသူဆိုရင် ကောင်းမြတ်သောကိုယ့်အကျင့်အကြံ၊ စိတ်အကျင့်အကြံရှိရမှာဖြစ်သလို ယုတ်ညံ့တဲ့အတွေးအခေါ်နဲ့ ယုတ်ညံ့တဲ့ အကျင့်အကြံ စရိုက်လက္ခဏာတွေကို ဆင်ခြင်သတိနဲ့ထိန်းညှိတတ်မှသာ လူသားစိတ်လို့ပြောရမှာလည်းဖြစ်ပါတယ်။
ဒီစိတ်တွေ ပျောက်သွားစေဖို့ ကိုယ်ကိုယ်တိုင် အရက်သေစာဆိုတဲ့ အမှောင်တွင်းထဲကို ခုန်ချသက်ဆင်းရင်း မကြံစည်ထိုက်၊ မပြုမူထိုက်၊ မလုပ်ဆောင်သင့်တဲ့ လူစိတ်ကင်းမဲ့သူတို့ရဲ့ အကျင့်စရိုက်တွေကို မက်မော ခုံမင်စွာ ပြုမူဆောင်ရွက်တတ်သူ၊
ပညာဥာဏ်နုံနည်းသူတွေကတော့ အရက်သေစာသောက် စားပြီးတာနဲ့တစ်ပြိုင်နက်တည်း မတွေးအပ်၊မကြံအပ် မပြုမူအပ်တာတွေ ကို ပြုမူဆောင်ရွက်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာပါတဲ့ အခုဖြစ်ရပ်ကတော့ ပုသိမ်ချောင်းသာမြို့နယ်၊
....ရပ်ကွက်နေ မ.....၂၆ နှစ်ဟာ နေအိမ်မှာရှိနေ စဉ် မောင်ဝမ်းကွဲတော် စပ်သူ ကြွေချိုင်ရွာနေ ဗိုလ်ဗိုလ်ကျော် ၂၅ နှစ်ဟာ အရက်၊ ဘီယာဘူးများယူလာပြီး မ.......နဲ့အတူ ဘီယာသောက်ကြတယ်လို့ ဆိုပါတယ်။
အဲဒီည ၁၀ နာရီလောက်မှာပဲ ဗိုလ်ဗိုလ်ကျော်ဟာ အမူးလွန်သွားပြီး အစ်မဖြစ်သူ မ.......အား ကြွေချိုင်ရွာကို ဆိုင်ကယ်ဖြင့်လိုက်ပို့ခိုင်း ရာမှ ကြွေချိုင်-နတ်မော်သွား ပင်လယ်ချိုင်သဲသောင် ပြင်အရောက် လူစိတ်ကင်းမဲ့စွာဖြင့် အဓမ္မပြုကျင့်ခဲ့ တယ်လို့သိရပါတယ်။
အဲဒီနောက်မှာ သက်ဆိုင်ရာ ငရုတ်ကောင်းရဲစခန်းကို မ.........က သွားရောက် တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက ပ ၁၁/၂၀၁၃၊ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူစစ်ဆေးနေပြီလို့ သိရပါတယ်။
ဒီဖြစ်စဉ်ကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသား၊ အမျိုးသမီးများအနေနဲ့ အန္တရာယ်ကို အချိန်မရွေးလက်ယပ်ခေါ်မယ့် မူးယစ်ဆေးဝါး၊ ဘိန်း၊ ကင်း၊ ကစော်သောက်သုံးခြင်းဟာ ဘယ်သူ့အတွက်အကျိုးရှိသလဲ။
ဘာကောင်းကျိုးကိုဖြစ်စေသလဲဆိုတာ သင်ခန်းစာယူ တတ်ကြဖို့ပါပဲ။ သေချာ တာကတော့ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးလည်း ဘ၀ပျက်ဆုံးရှုံးသွားသလို၊ ကျူးလွန်တဲ့လူငယ်လည်း အနာဂတ်ပျောက် ဘ၀မှာ အမည်းစက် စွန်းထင်းပေးကျံသွားစေတာပါပဲ။
Posted From The First Media Group
No comments:
Post a Comment