ဧဒင်အချစ်ပုံပြင်: နန်းခင်ဇေယျာက မေလ ၁ ရက်တွင်ပြုလုပ်မည့် ဆင်းရဲနွမ်းပါး ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း လုပ်ငန်းအတွက် ဗော်လန်တီယာများဖိတ်ခေါ်

Tuesday 30 April 2013

နန်းခင်ဇေယျာက မေလ ၁ ရက်တွင်ပြုလုပ်မည့် ဆင်းရဲနွမ်းပါး ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း လုပ်ငန်းအတွက် ဗော်လန်တီယာများဖိတ်ခေါ်

Photo: နန်းခင်ဇေယျာက မေလ ၁ ရက်တွင်ပြုလုပ်မည့် ဆင်းရဲနွမ်းပါး ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း လုပ်ငန်းအတွက် ဗော်လန်တီယာများဖိတ်ခေါ်
Tuesday, April 30, 2013

နန်းခင်ဇေယျာက ရန်ကုန်တိုင်းဒေသကြီး (၁၀) မြို့နယ်မှပရဟိတ ဂေဟာ (၁၂) ခုနှင့် ဆင်းရဲနွမ်းပါးကလေးငယ် (၁၃၅၀) ဦးတို့၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာမြင့်တင်ပေးခြင်း အားသစ်လောင်းအစီအစဉ်ကို မေလ ၁ ရက် ( အလုပ်သမားနေ့)တွင် ပြည်သူ့ရင်ပြင်၌ နံနက် (၁၀)နာရီ မှ
ညနေ (၅)နာရီထိ ပြုလုပ်မည်ဖြစ်ကြောင်း
သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။

ကလေးတိုင်းမိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေရန်။

မျှော်လင့်ချက်များရှင်သန်လာစေရန်။

ကလေးတိုင်းအားသိမ်ငယ်မှုများပပျောက်စေရန်။

ရဲရင့်ခြင်းရှိလာစေရန်။ 

ကိုယ်ကျင့်တရားနှင့်စည်းစနစ်စံနှုန်းများကိုလေးစားထိန်းသိမ်းတတ်သူများဖြစ်လာစေရန် ။

စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ပညာရေးကိုပိုမိုအလေးထားတတ်စေရန်။

လူအချင်းချင်းစာနာစိတ်ဖြင့်ရင်းနှီးပွင့်လင်းစွာဆက်ဆံတတ်စေရန်။

ရည်ရွယ်ပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း
နန်းခင်ဇေယျာက လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ယင်းအတွက် သူနှင့်အတူ အားပေးစကားပြောရင်းကလေးငယ်တို့၏ ယုံကြည်မှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရရှိအောင် ၀ိုင်းဝန်းကူညီထောက်ပံ့ကြရရန် မိဘပြည်သူများ၊
စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။

Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...