ဧဒင်အချစ်ပုံပြင်: ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်)“အင်းကျား”တစ်ကောင်တွေ့ရှိ

Tuesday 30 April 2013

ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်)“အင်းကျား”တစ်ကောင်တွေ့ရှိ

Photo: ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်)“အင်းကျား”တစ်ကောင်တွေ့ရှိ
Tuesday, April 30, 2013

ထားဝယ်တက္ကသိုလ်ဝင်းအတွင်း “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား” တစ်ကောင်ကိုဧပြီ ၂၈ရက်ကတွေ့ရှိ၍ မွေးမြူစောင့်ရှောက်ထားကြောင်းသိရသည်။
တောမိုးတောင်ခြေနှင့် နီးကပ်စွာတည်ရှိသည့် ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ ရေတွင်းတစ်တွင်းထဲသို့
ကျနေသောကြောင်သာသာအရွယရှိထားဝယ်ဒေသအခေါ် “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား”
တစ်ကောင်ကိုနယ်မြေ၀န်ထမ်းတစ်ဦးက တွေ့ရှိပြီး ၊ ယခုအခါ ၄င်း၏အိမ်တွင်ပင်
မွေးမြူစောင့်ရှောက်ထားကြောင်းတွေ့ရသည်။
“ဒီနားပတ်ဝန်းကျင်မှာကတော
့ ဒီကျားအငယ်လေးတွေကိုမကြာမကြာတွေ့ရတတ်ပါတယ်။တစ်ခါတစ်လေ
မွေးထားတဲ့ ကြက်တွေကို လာလာဆွဲတတ်တာကလွဲလို့ လူကိုတော့အန္တရာယ်မပြုပါဘူး၊
ဆရာ၊ဆရာမတစ်ချို့ဆို ညည လမ်းလျှောက်ရင်းဒီအကောင်လေးတွေဖြတ်ပြေးတာမျိုးမြင်နေကျပါ ၊
ခုလည်းအစာလာရှာရင်းရေတွင်းထဲပြုတ်ကျပုံရပါတယ် ” ဟု အင်းကျားကိုရရှိထားသူ
နယ်မြေ၀န်ထမ်း ကိုမျိုးဝင်းကပြောသည်။ထားဝယ်တက္ကသိုလ်သည်ထားဝယ်မြို့မှအနောက်ဘက်
(၄) မိုင်ခန့်အကွာထားဝယ်မြစ်အနောက်ဘက်ရှိလောင်းလုံးမြို့နယ်၊ကမျောကင်းရွာတွင်တည်ရှိပြီး (၃၇၀.၇)ဧကခန့် အကျယ်အ၀န်းရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...