အိမ်ဆောက်ပစ္စည်းရောင်းနေတဲ့ ငွေလမင်းဆိုင်။ ပေါက်တာက သံတွေဘာတွေ ဖြတ်တဲ့အခါမှာ သုံးတဲ့ လေအိုးရှိတယ်။ အဲဒီလေအိုးကနေ ပေါက်ကွဲတာ။ အလုပ်သမား ၂ ယောက်ရယ်၊ ကလေး ၁ ယောက် သေသွားတယ်။ ဒဏ်ရာရသူ ၄ ယောက်ကိုတော့ အင်းစိန်ဆေးရုံကို ခေါ်သွားတယ်။ အဲထဲမှာ အမျိုးသမီးတယောက်လည်းပါတယ်” လို့ ပြောပါတယ်။ သေဆုံး ဒဏ်ရာမှုအခြေအနေကို အခင်းဖြစ်ပွားရာ ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ကလည်း အတည်ပြုပြီးပြီလို့ ဆိုပါတယ်။ “အခုလာပြီးတော့ သေတဲ့သူတွေကို လာဖော်ထုတ်နေတယ်။ လောလောဆယ် ဒေသခံ ရဲတွေ ရောက်လာတယ်။ ပေါက်ကွဲမှုဖြစ်ပွားပေမယ့် မီးလောင်ကျွမ်းမှုမရှိဘဲ အနီးအနားက ဆိုင် အတော်များများလည်း ပျက်စီးကုန်တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ “လေအိုးပေါက်တာဆိုတော့ မီးမလောင်ဘူး။ အနီးအနားက ဆိုင်တန်းကြီးဆိုတော့ ကျန်တဲ့ဆိုင်တွေ အကုန်လုံးလည်း ပျက်စီးကုန်တယ်။ အနီးနားဆိုင်တွေက တော်တော်လေးကို ပျက်စီးသွားတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ လူတွေ အထိအခိုက်မရှိဘူး။
DVB
No comments:
Post a Comment