ဧဒင်အချစ်ပုံပြင်: အကယ်၍သာ စစ်ပွဲဖြစ်ခဲ့ပါက တိုကျိုမြို့အား ဦးစွာတိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး

Sunday 14 April 2013

အကယ်၍သာ စစ်ပွဲဖြစ်ခဲ့ပါက တိုကျိုမြို့အား ဦးစွာတိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး


Photo: အကယ်၍သာ စစ်ပွဲဖြစ်ခဲ့ပါက တိုကျိုမြို့အား ဦးစွာတိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး

မြောက်ကိုရီးယား အနေဖြင့် အကယ်၍သာ ဒေသတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတို့၏ နျူလက်နက်များအား အသုံးပြုရမည် ဆိုပါက တိုကျိုမြို့သည် ပထမဆုံးပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ယနေ့တွင် ထုတ်ဖော်ပြောကြားပြီး ရာဇသံပေးလိုက်သည်။ 

ဤကြေညာချက်အား ဂျပန်အစိုးရက မိမိတို့၏ လေပိုင်နက် အား ဖြတ်ကျော်လာသည့် မြောက်ကိုရီးယား ဒုံးပျံများအား ပစ်ချရမည်ဆိုသည့် အမိန့်အား ဆက်လက်ထားရှိခဲ့ပြီးနောက် မကြာခင်တွင်ပင်ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုကျိုမြို့နှင့် ပတ်ဝန်းကျင်တွင် PAC-3 (Patriot Missile) ဒုံးခွင်းဒုံးစနစ်များအား ကြိုတင်ပြင်ဆင်မှုအဖြစ် ဖြန့်ကျက်ချထားခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု မရမခြင်း အသင့်အနေထားဖြင့် ဆက်လက်ထားရှိသွားရန် ညွှန်ကြားထားသည်ကို မြောက်ကိုရီးယားက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ 

တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရပ်ဆိုင်းသွားရန်နှင့် အမေရိကန်နိုင်ငံ အနေဖြင့် အကယ်၍သာ မြောက်ကိုရီးယားမှ တိုက်ခိုက်လာပါက ယင်းတို့၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများအား စစ်ရေးအရ အပြည့်အဝ ကူညီထောက်ပံသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။မြောက်ကိုရီးယား အနေဖြင့် အကယ်၍သာ ဒေသတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတို့၏ နျူလက်နက်များအား အသုံးပြုရမည် ဆိုပါက တိုကျိုမြို့သည် ပထမဆုံးပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ယနေ့တွင် ထုတ်ဖော်ပြောကြားပြီး ရာဇသံပေးလိုက်သည်။

ဤကြေညာချက်အား ဂျပန်အစိုးရက မိမိတို့၏ လေပိုင်နက် အား ဖြတ်ကျော်လာသည့် မြောက်ကိုရီးယား ဒုံးပျံများအား ပစ်ချရမည်ဆိုသည့် အမိန့်အား ဆက်လက်ထားရှိခဲ့ပြီးနောက် မကြာခင်တွင်ပင်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုကျိုမြို့နှင့် ပတ်ဝန်းကျင်တွင် PAC-3 (Patriot Missile) ဒုံးခွင်းဒုံးစနစ်များအား ကြိုတင်ပြင်ဆင်မှုအဖြစ် ဖြန့်ကျက်ချထားခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု မရမခြင်း အသင့်အနေထားဖြင့် ဆက်လက်ထားရှိသွားရန် ညွှန်ကြားထားသည်ကို မြောက်ကိုရီးယားက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရပ်ဆိုင်းသွားရန်နှင့် အမေရိကန်နိုင်ငံ အနေဖြင့် အကယ်၍သာ မြောက်ကိုရီးယားမှ တိုက်ခိုက်လာပါက ယင်းတို့၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများအား စစ်ရေးအရ အပြည့်အဝ ကူညီထောက်ပံသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...