
အမေရိကန် စာတိုက်ဝန်ဆောင်မှု စစ်ဆေးရေးဌာနကတဆင့် သမ္မတအိမ်ဖြူတော်၊ ရီပက်ပလီကန်အမတ် ရော်ဂျာဝစ်ခါနဲ့ မစ္စစ္စပီ ပြည်နယ် တရားသူကြီး တယောက်ထံကို လိပ်မူပြီး ရစ်စင် အဆိပ်တမျိုးပါတဲ့ စာ ၃ စောင်ကို ပေးပို့ခဲ့သူဟာ ကက်တစ်ဖြစ်နိုင်တယ်လို့ အက်ဖ်ဘီအိုင်က သံသယရှိပြီး ဖမ်းဆီးလိုက်တာပါ။
ရစ်စင်အဆိပ်ဟာ ဖြေဆေးမရှိတဲ့ အဆိပ်တမျိုးဖြစ်ပြီး ရှုရှိုက်မိတဲ့အခါ၊ ကိုယ်ထဲကို ထိုးသွင်းခံရတဲ့အခါမှာ သေစေနိုင်တဲ့ အဆိပ်တမျိုးဖြစ်လို့ သိရပါတယ်။
အိမ်ဖြူတော်ပို့လိုက်တဲ့စာကို စာအိတ်စစ်ဆေးရေးဌာနက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။ စာထဲမှာ ‘အမှားကို သိလျက်နဲ့ မဖော်ထုတ်တာဟာ မကောင်းမှုကို တိတ်တဆိတ် အားပေးတာနဲ့ အတူတူပဲ’ ဆိုတဲ့ သဘောပါတဲ့ စာသားကို ရေးထားပြီး ကေစီဆိုသူက လက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။
မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့ မစ္စတာ ကတ်တစ်ဟာ အစိုးရအရာရှိတွေကို အန္တရာယ်ပြုမှု၊ အစုလိုက်အပြုံလိုက် သေစေလောက်တဲ့ လက်နက်ပိုင်ဆိုင်မှုစတဲ့ စွဲချက်တွေနဲ့ ပြည်နယ်တရားရုံးမှာ တရားစွဲခံရဖွယ် ရှိပါတယ်။
DVB
No comments:
Post a Comment