ဧဒင်အချစ်ပုံပြင်: လိုင်စင်မဲ့ ကားနဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့ ဒုရဲအုပ်

Sunday 21 April 2013

လိုင်စင်မဲ့ ကားနဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့ ဒုရဲအုပ်



တရားခံ က ဒုရဲအုပ် ဖြစ်နေတော့ ဥပဒေ အတိုင်းတိတိကျကျ အရေး ယူမှာလား
နားလည်မှု နဲ့ ကြည့်လုပ်လိုက်မှာလား ဆိုတာသဲသဲကွဲကွဲ မသိရသေးတဲ့ အမှု ။


ဥပဒေ ဘက်တော်သား က ဥပဒေမဲ့ယာဉ် နဲ့ ရာဇ၀တ်မှုကျူးလွန်တဲ့ အမှု
ဧပြီ ၁၈ ရက်၊ ၂၀၁၃

ဧပြီ ၁၈ ရက်နေ့ ည ၇ နာရီခွဲ ခန့် က တစ်မိုင်ကုန်းကျေးရွာမှ ကော့ကရိတ် သို့ထွက်လာသည့် ဆိုင်ကယ်အား မတ်တူး ဆလွန်းကား ဖြင့် တိုက်ပြီး မောင်းပြေး သည့် အမှု တစ်ခု ဖြစ်ပွါးခဲ့သည်။

ယာဉ်တိုက်ပြီးမောင်းပြးသည့် မတ်တူး ဆလွန်းကားနှင့် အတူ အတိုက်ခံရသည့် ဆိုင်ကယ်လည်း ချိတ်လျက် ဒရွတ်တိုက် ပါသွားခဲ့သည်။

ကော့ကရိတ်မြို့မ ရဲစခန်း အနီးသို့အရောက်တွင် ကားမှာဆက်မောင်း၍ မရတော့သဖြင့် ယာဉ်မောင်းမှ ထွက်ပြေးခဲ့သည်။

ရပ်ကွက်နေပြည်သူများ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဝိုင်းဝန်း ဖမ်းဆီးသဖြင့် မန်ကျီးပင်မှတစ်ဆင့် အိမ်ခေါင်မိုးပေါ် တက်ပြေး သည့်ယာဉ်မောင်းအား ညတွင်းချင်းဖမ်းဆီးနိုင်ခဲ့သည် ။

ယာဉ်တိုက်ပြီးမောင်းပြေးသည့် ယာဉ်မောင်းမှာ ဒုရဲအုပ်ပြည်ဟိန်းထွန်း(အဖ)ဦးမြင့်အောင် ဖြစ်ပြီး

အဆိုပါယာဉ်မှာလည်း(၉ခ/၉၇၄၃) နံပါတ်ပြားတပ်ထားသည့် လိုင်စင်မဲ့ ယာဉ်
ဖြစ်နေသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ကိုမျိုးအောင်(ခ)အလိ (၄၄ နှစ်)
မှာညှပ်ရိုးကျိုးသွားပြီး၊ ဦးခေါင်းအတွင်းပိုင်းထိခိုက် ဒဏ်ရာရထား သည်။

မစန္ဒာအောင်(၂၆ နှစ်) နှင့် (၁)နှစ်အရွယ်သမီး ဂျူစီ တို့လည်း သီးသီးထိခိုက်ဒဏ်ရာရရှိကြသည်။

ထိခိုက်ဒဏ်ရာရှိသူ (၃)ဦးလုံး ကော့ကရိတ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ဒုရဲအုပ်(ယခင်မှူးယစ်တွင်တာဝန်ကျသူ) မှာ ဆေးဝါးတစ် ခုခုအလွန်အကျွန်သုံးစွဲ ထားပုံရပြီး ၊ အသိစိတ်လွတ် ကာ ၄င်း၏ဇနီးဖြစ်သူ မစန္ဒာအောင် နှင့် သမီးဖြစ်သူတို့အား ဓါးဖြင့်ရန်ပြုနေသဖြင့် ကိုမျိုးအောင် မှဘေးကင်းရာသို့ ခေါ်သွားစဉ် အနောက်မှ ကားဖြင့် လိုက်တိုက် ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံပြုသည့် လိုင်စင်မဲ့ ကားကို ကော့ကရိတ်ရဲစခန်း တွင် သိမ်းဆည်း ထားပြီး ၊ တရားခံကို လည်း ကော့ကရိတ်မြို့ မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Posted From Bo Aung Din
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...