ဧဒင်အချစ်ပုံပြင်: တေးသံရှင် မဒီ၏ " Madi & Friends Concert " ဂီတဖျော်ဖြေပွဲ (5 photos)

Monday 29 April 2013

တေးသံရှင် မဒီ၏ " Madi & Friends Concert " ဂီတဖျော်ဖြေပွဲ (5 photos)


Photo
မြန်မာနိုင်ငံမှ ပြည်ပသို့ရောက်ရှိနေသော နာမည်ကျော် တေးသံရှင် မဒီ၏ " Madi & Friends Concert " ဂီတဖျော်ဖြေကို ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီက အမေရိကားရှိ Citrus College ၏ Haugh Performing Arts Center မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ၎င်း " Madi & Friends Concert " ဖြေဖျော်ပွဲတွင်
ဂီတမှူး စောမွန်းလိုက်နှင့်အဖွဲ့က ပါဝင်တီးခတ်ပေးထားပြီး Jazz & Ballet အကတင်ဆက်မှုများနှင့်လည်း တွဲဖက်တင်ဆက်ခဲ့သည်ဟု သိရသည်။ ၎င်းဖျော်ဖြေပွဲတွင် တေးသံရှင် မဒီက သူမ၏ နာမည်ကျော် တေးသီချင်းများဖြစ်သော အိမ်မက်ချစ်သူ၊ သူငယ်ချင်းအတွက်၊ ချစ်သူဝိဥာဉ်နှင့် အထီးကျန်သူ သီချင်းများအပြင် အခြားအင်္ဂလိပ်သီချင်းများဖြင့်လည်း သီဆိုဖျော်ဖြေခဲ့သည်။ ထို့အပြင် Bell Choir ,36 String Harp ,Violin ,Saxophone စသော ပညာရှင်များနှင့်လည်း တွဲဖက်သီဆိုခဲ့သည်။ ထိုဖျော်ဖြေပွဲသို့ အမေရိကားရောက် မြန်မာများ တခဲနက်လာရောက်အားပေးခဲ့ကြပြီး ၎င်းဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ငွေများကို ရန်ကုန်မြို့ရှိ (Grace Home Orphanage) မိဘမဲ့ကလေးများဂေဟာသို့ လှူဒန်းသွားမည်ဟု သိရသည်။

ဇေယျာ
Photo - Larry ML (Madi & Friends Concert)

1 comment:

Related Posts Plugin for WordPress, Blogger...