ဧဒင်အချစ်ပုံပြင်: ကလေး မွေးဖွားပြီးနောက် မူလ ကိုယ်ခန္ဓာ အလှ ပြန်မရတော့ မည်ကို ရှကီရာ စိုးရိမ်ပူပန် လျက်ရှိ

Monday 6 May 2013

ကလေး မွေးဖွားပြီးနောက် မူလ ကိုယ်ခန္ဓာ အလှ ပြန်မရတော့ မည်ကို ရှကီရာ စိုးရိမ်ပူပန် လျက်ရှိ

   Photo: ကလေး မွေးဖွားပြီးနောက် မူလ ကိုယ်ခန္ဓာ အလှ ပြန်မရတော့ မည်ကို ရှကီရာ စိုးရိမ်ပူပန် လျက်ရှိ

““၀ါကာ ၀ါကာ”” တေးသီချင်း အဆိုတော် ရှကီရာသည် ဇန်န၀ါရီ လက မီလန်မြို့တွင် သူမ၏ သားလေးကို မွေးဖွားခဲ့ ပြီးနောက် သူမ၏ မူလ ကိုယ်ခန္ဓာ အလှ ပြန်လည် မရရှိ မည်ကို စိုးရိမ်လျက် ရှိသည်။

ရှကီရာသည် သူမ၏ ချစ်သူ ကမ္ဘာကျော် ဘောလုံးသမား ဂျရတ် ပီကေးနှင့် ရရှိသည့် ရင်သွေးလေးကို မွေးဖွားပြီးနောက် မိခင် တစ်ဦး၏ ဘ၀ကို နှစ်ခြိုက်သော်လည်း သူမ၏ လှပ ကြော့ရှင်းသည့် ကိုယ်ခန္ဓာ ပြန်မဖြစ် တော့မည်ကို စိတ်ပူလျက် ရှိကြောင်း ၀န်ခံ ပြောကြား ခဲ့သည်။ ၎င်း၏ ပင်ကို ကိုယ်ခန္ဓာ အလှကို ထိန်းသိမ်း ထားနိုင်ပါက အလွန် အံ့သြဖွယ် ကောင်းမည်ဖြစ်ကြောင်း၊ ယခုအခါ ၎င်းသည် ကိုယ်အလေးချိန် အနည်းငယ် တိုးလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် ကတည်းက Zumba အားကစားကို မှန်မှန်ပြုလုပ် ခဲ့သော်လည်း The Voice ၏ နည်းပြ ဖြစ်လာသော အခါ အားကစား လုပ်ရန် အချိန် မရှိတော့ကြောင်း ရှကီရာက ဆိုသည်။

သို့သော် ရှကီရာ၏ သားငယ်သည် သူမအား ပျော်ရွှင်စရာ များကို ပေးစွမ်းကြောင်း သားငယ် ရှိနေသည့် အတွက် အထီးကျန်ခြင်းကို မခံစား ရကြောင်း ရှကီရာက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/15uQWZj

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...