ဧဒင်အချစ်ပုံပြင်: နေအိမ်တွင်းသို့ဝင်ရောက်၍ ဟန်းဆက် နှင့် ငွေများ ခိုးယူသူအား ဖော်ထုတ်ခြင်း

Wednesday 22 May 2013

နေအိမ်တွင်းသို့ဝင်ရောက်၍ ဟန်းဆက် နှင့် ငွေများ ခိုးယူသူအား ဖော်ထုတ်ခြင်း

Photo: နေအိမ်တွင်းသို့ဝင်ရောက်၍ ဟန်းဆက် နှင့် ငွေများ ခိုးယူသူအား ဖော်ထုတ်ခြင်း

၁၂.၅.၂၀၁၃ ရက်နေ့  ဒဂုံတောင်မြို့နယ်၊ (၆၄)ရပ်ကွက် နေ ဦးခေတ်လှိုင် ၏နေအိမ်တွင်းမှ  ဟန်းဆက်မျိုးစုံ (၃၃)လုံးနှင့်  ငွေကျပ် ၁၅၀၀၀၀ိ/- ပျောက်ဆုံးနေ၍ ဒဂုံတောင်ရဲစခန်း(ပ)၃၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀  ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ပါသည်။ ၄င်းအမှု  ဖော်ထုတ်နိုင်ရေး  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ (၂)မှ  တပ်ဖွဲ့ဝင်များမှ  စုံစမ်းစစ်ဆေးခဲ့ရာ  ပြစ်မှုကျူးလွန်နိုင်ကြောင်း  မသင်္ကာသူ ၀င်းနိုင်(ခ)ကုလား၊ (၁၉)နှစ်၊ (၁၉/က)ရပ်ကွက်၊ ဒဂုံတောင်နေသူအား  ကြည့်မြင်တိုင်  တစ်ဖက်ကမ်း  စက်ဆန်းတွင်  ၂၁.၅.၂၀၁၃ ရက်နေ့  ညနေ (၄)နာရီခွဲအချိန်၌  တွေ့ရှိခဲ့ပြီး ၄င်းရောက်ရှိနေသည့်  နေအိမ်အား  ရှာဖွေရာ  အမှုပါ  ပါဆုံးပစ္စည်းများဖြစ်သော  ဟန်းဆက် (၂၉)လုံး နှင့် ငွေကျပ် ၁၅၀၀၀၀ိ/- တို့အား  ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။

 yangonpolice

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...