ဧဒင်အချစ်ပုံပြင်: တွံတေးမြို့နယ်တွင် ငါးကန်လုပ်သားချင်းအရက်သောက်စကားများရာမှ လူသတ်အလောင်းဖျောက်

Wednesday 22 May 2013

တွံတေးမြို့နယ်တွင် ငါးကန်လုပ်သားချင်းအရက်သောက်စကားများရာမှ လူသတ်အလောင်းဖျောက်

၂၂.၅.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် တွံတေးမြို့နယ်၊ ကျိုက်ထော်မြောက်ကျေးရွာ မြောက်ဘက် ၁ မိုင်ခန့််အကွာရှိ ကိုကျော်ကြိုင်၏ငါးကန်တွင် အစောင့်အဖြစ်လုပ်ကိုင်ကြသော တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာနေ ဖိုးပိန်(ခ) အေးကိုကိုကျော်၊ ၂၅နှစ်၊ (ဘ)ဦးကျော်ညွန့်နှင့် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းလေးကျေးရွာနေ ရာဇာဌေး၊ ၂၃နှစ်၊ (ဘ)ဦးခင်မောင်ဌေးတို့သည် အတူအရက်သောက် စဉ်
စကားများကြရာ ဖိုးပိန်(ခ)အေးကိုကိုကျော်မှ ရာဇာဌေးအား အရှည်
၂၃ လက်မခန့်ရှိ ပျဉ်ပြားပိုင်းဖြင့် ရိုက်သတ်ပြီး အလောင်းအားငါးကန်အတွင်း ဒိုက်ပုံအောက်တွင် ၀ှက်ထားကြောင်း သတင်းအရ ကျိုက်ထော်ရဲစခန်းမှူး နှင့်အဖွဲ့မှ သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ ရာဇာဌေးမှာ ဦးခွံရိုးကျိုး၊ ဦးနှောက်ထွက်ကြေမွ ၊ ၀ဲချိုစောင်းကြေမွ ၊ ၀ဲမျက်ခုံး/၀ဲပါး/၀ဲနားရွက် တို့တွင်စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရာဇာဌေးအား ရိုက်သတ်ကာအလောင်းဖျောက်သူ ဖိုးပိန်(ခ)အေးကိုကိုကျော်အား ဖမ်းဆီးရမိအရေးယူထား ကြောင်း သတင်းရရှိပါသည်။
 yangonpolice

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...