ဧဒင်အချစ်ပုံပြင်: မဟာစင်မုန်တိုင်း အနီရောင် သတိပေးချက်ထုတ်ပြန်

Wednesday 15 May 2013

မဟာစင်မုန်တိုင်း အနီရောင် သတိပေးချက်ထုတ်ပြန်

မဟာစင်မုန်တိုင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများသို့ လာမည့် ၁၈ နာရီိအတွင်း ၀င်ရောက်မည်ဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့ လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက် နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက် ပင်လယ်သို့ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန် အကြံပြု အပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...