ဧဒင်အချစ်ပုံပြင်: “လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေ”

Wednesday 22 May 2013

“လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေ”

Photo: “လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေ”
========================================

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ကမ္ဘာကျော် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးတွင် အသက်(၇၈)နှစ် အရွယ်ရှိ ဒေါမနစ် ဗန်နာသည် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

ဘာသာရေးအရ လက်ခံရန် ခက်ခဲသည့် အပြောင်းအလဲအတွက် ပြင်းထန်စွာ ဆန့်ကျင်ခဲ့သော ဒေါမနစ်သည် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးအတွင်းသို့ ဝင်ရောက်လာကာ မိမိကိုယ်ကိုယ် သေနတ်နှင့် ချိန်ပြီး မောင်းဖြုတ်လိုက်ခြင်း ဖြစ်သည်။

ခရစ်ယာန် ဘာသာရေးတွင် အထင်ကရ အထွတ်အမြတ် တန်ဖိုးထားရသည့် ဝတ်ပြုကျောင်းဆောင်ကြီးအတွင်း မိမိကိုယ်ကိုယ် သတ်သေမှုတစ်ခုကြောင့် ယင်းကျောင်းတော်ကြီးကို ခေတ္တ ပိတ်ပင်ထားခဲ့ရကြောင်း သိရှိရသည်။

၎င်း၏ ရှည်လျားသော Essayတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချထားသလို ပြင်သစ်နှင့် ဥရောပတို့တွင် လူဦးရေ ထူထပ်များပြားလာမှုကို ပြင်ဆင်အစားထိုးမှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဘာသာရေးတွင် ကျင့်သုံးသည့် ဘာသာရေးကို အခြေခံသော ဥပဒေမျိုးကို လိုအပ်နေကြောင်း စသဖြင့်လည်း ရေးသားထားသေးသည်။ နော်တာဒိမ်း ကျောင်းတော်ကြီးသည် သမိုင်းကြောင်း ကြီးမားခန့်ထည်ပြီး ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အအုံများ စာရင်းတွင် တစ်ခု အပါအဝင်အဖြစ် သတ်မှတ် ချီးကျူးခံထားရသည်။ ယင်းကျောင်းတော်ကြီး၏ နှစ်ပေါင်း(၈၅၀)ပြည့် အခမ်းအနားကိုလည်း ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။ ဒေါမနစ်၏ အဆုံးစီရင်မှု ဖြစ်ပေါ်ခဲ့သည့်နောက် ကျောင်းတော်ကြီးအတွင်း ရှိနေသူ အားလုံးကို အရေးပေါ် ရွှေ့ပြောင်းကာ (၄)နာရီကြာ ပိတ်ဆို့ထားလိုက်ရကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Source: Independent

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...