ဧဒင်အချစ်ပုံပြင်: မဲဆောက်တံတားထိပ်က ပွဲစားနှိမ်နင်းမှုစစ်ဆင်ရေး

Sunday 26 May 2013

မဲဆောက်တံတားထိပ်က ပွဲစားနှိမ်နင်းမှုစစ်ဆင်ရေး

Photo: မဲဆောက်တံတားထိပ်က ပွဲစားနှိမ်နင်းမှုစစ်ဆင်ရေး
Monday, May 27, 2013 

မြန်မာနိုင်ငံသားအချင်းချင်း လိမ်ညာလှည့်စား ဂုတ်သွေးစုပ်တဲ့ ပတ်စ်ပို့ပွဲစားတွေ တနေ့တခြား သောင်းကျန်းလာတဲ့အတွက် သူတို့ကို နှိမ်နင်းတဲ့စစ်ဆင်ရေးတခု ဒီကနေ့ မဲဆောက်မြို့ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအနီးမှာ ပြုလုပ်ခဲ့ပါတယ်။နေ့စဉ် နေ့တိုင်း မြန်မာပြည်
သားများ တရားဝင် ၀င်ထွက်ရာ ချစ်ကြည်ရေးတံတားထိပ်ရှိ မဲဆောက် ထိုင်းလ၀က စစ်ဆေးရေးဂိတ် ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးတဲ့
အတွက် ဒီနေ့ မြန်မာပွဲစား ၁၀ ဦးလောက် အဖမ်းခံခဲ့ရပါတယ်တဲ့။

မဲဆောက်ဘက်ခြမ်း ချစ်ကြည်ရေးတံတားအနီးမှာ အခြေချတဲ့ပွဲစား
တွေဟာ ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံအတွင်းပိုင်းကနေ ပြန်
လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကျိုးဆောင်ပေး
ကြပါတယ်။

ဒီလို စာရွက်စာတမ်းကိစ္စ အကျိုးဆောင်ပေးရာမှာ လိမ်ညာလှည့်
စားတဲ့ ပွဲစား အများအပြား ရှိနေတာပါ။

ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ မြန်မာပြည်သို့ ယာယီ ပြန်ခြင်း၊ ထိုင်းသို့ ပြန်ဝင်ခွင့် လျှောက်ထားခြင်းတို့အတွက်
ငွေကြေး အများအပြား တောင်းခံပြီးတော့ အမှန်တကယ် အကျိုးဆောင်ပေးခြင်းမရှိကြတာတွေ များလာပြီလို့ သိရပါတယ်။

ဒါ့အပြင် ယာယီနိုင်ငံကူးလက်မှတ်တွေကို အစဖျောက်တာတွေလုပ်လာ
တဲ့အတွက် အခုလို နှိမ်နင်း ဖမ်းဆီးရတာလို့ ထိုင်းအာဏာပိုင်တွေက
ပြောပါတယ်။

အဲလိုပွဲစားမျိုး ထိုင်းဘက်ခြမ်း တံတားအနီးမှာ နေ့စဉ် အရေအတွက် 
၅ဝ အထက်မှာ ရှိတယ်လို့ မြန်မာပွဲစားတဦးကပြောပါတယ်။ 

“မကောင်းတဲ့ပွဲစားကြောင့် ကောင်းတဲ့ပွဲစားတွေပါ ဒီနေ့ ခွေးပြေးပြေး
ကြရတယ်” လို့ သူက ဆိုပါတယ်။

တချို့ဆိုရင်ဘန်ကောက်ပြန် မြန်မာအလုပ်သမားတွေကို ကျလောက်
အောင်ပြောပြီး ယာယီနိုင်ငံကူးစာအုပ်နဲ့ ငွေကြေးအပြင် အထုတ်အပိုး
တွေကိုပါ လိမ်ညာသွားတဲ့အမှုတွေ နေ့တိုင်းနီးပါးရှိတယ်လို့လည်း အဲဒီပွဲစားက ဖြည့်စွက်ပြီး ပြောပါသေးတယ်။

အများဆုံးခံရတာကတော့ မလည်မ၀ယ်နဲ့ပြန်လာတဲ့လူတွေဖြစ်ပြီး တဖက်သားရဲ့မုသားကို အယုံလွယ်ကြတဲ့အတွက် ဒုက္ခရောက်ကြရ
တာဖြစ်တယ်လို့ တံတားထိပ်မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ထိုင်းလူမျိုးဖိကယောက်က ပြောပါတယ်။

ဖိကယောက်က “သတိ မရှိလို့ကတော့ ဘာမှကျန်မှာ မဟုတ်ဘူး။ အလိမ်ခံရလို့ကတော့ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေလည်း ဘာမှလုပ်ပေးလို့မရဘူး၊ ကိုယ်ကယုံလို့ဖြစ်ရတာ” လို့ ဆိုပါတယ်။

ထိုင်းလ၀ကကတော့ ဖမ်းမိတဲ့ မြန်မာပွဲစားတွေကို အရေးယူမယ်၊
နောက်နေ့တွေမှာလည်း လျှပ်တပြက်ဖမ်းဆီးတာတွေရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကိုတော့ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တချို့က သဘော
မတွေ့ကြပါဘူး။

အကျိုးဆောင်လုပ်ငန်းရှင်တဦးက ... “ထိုင်းလ၀ကအဖွဲ့က တကယ်
ပြတ်ပြတ်သားသား မလုပ်လို့ပါ။ တကယ်လုပ်ရင် ဘယ်ကောင်မှ ကပ်လို့မရဘူး။ အခုလည်းဒီနေ့ကစပြီး ဖမ်းတဲ့ကိစ္စကို တကယ်ဟုတ်
မဟုတ် စောင့်ကြည့်ရအုံးမယ်၊ အခုဖမ်းတာက တိုင်တဲ့လူများလို့ဆိုပြီး သိရတယ်” လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ဒီနေ့မှာ ကနဦးဖမ်းဆီးမှုစတာနဲ့ မြန်မာပွဲစားတွေက အချင်းချင်း လက်ကုန်ဖုန်းတွေနဲ့ အသိပေးကြတဲ့အတွက် တိမ်းရှောင် လွတ်မြောက်သွားတာတွေ ရှိကြောင်း သိရပါတယ်။ 

မြန်မာပွဲစားတဦးပြောတာက ... ”ပွဲစားတွေထဲမှာ ထိုင်းလ၀ကတွေ
မွေးထားတဲ့ပွဲစားတွေရှိပါတယ်။ သူတို့ကျတော့ ဘာပြဿနာမှ
မရှိဘူး” တဲ့။ဘန်ကောက်ပြန် မြန်မာအလုပ်သမားတွေဟာ မြန်မာ
ဘက်ပြန်ဘို့အတွက် ရုံးလုပ်ထုံးလုပ်နည်းအရ နှစ်နာရီသုံးနာရီကြာ တန်းစီရပါတယ်။ပွဲစားကို ဘတ်ငွေ ၃၀၀ ကနေ ၅၀၀ ကြား အပို
ပေးလိုက်ရင် တန်းစီဘို့မလိုဘဲ အမြန်ရပါတယ်။ ဒီအခြေအနေမှာ မသမာတဲ့ မြန်မာပွဲစား အများအပြားက အမြတ်ထုတ်ကြတာဖြစ်
တယ်လို့ သိရပါတယ်။

အကျိုးဆောင်လုပ်ငန်းတခုက စာရေးကိုညိုပြောတာက ... “မဲဆောက်ပြန်ရောက်ရင် တချက်လွဲတာနဲ့ တသက်မွဲနိုင်တယ်။ ဘန်ကောက်ပြန်တွေမဲဆောက်ရောက်ရင် ဒီကိစ္စကို အထူးသတိ
ရှိဘို့လိုတယ်။ ဒါမျိုးက ကိုယ်ဖြစ်ကိုယ်ခံပဲ။ ကယ်မယ့်လူမရှိဘူး” လို့ ရှင်းပြပါတယ်။

မကြာခဏသူမြင်တွေ့ရတဲ့ မြန်မာအလုပ်သမားတွေဒုက္ခရောက်ကြပုံကို ရည်ညွန်းပြောဆိုတာပါ။

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာ
အလုပ်သမား ၁၃ သိန်းလောက်ရှိတဲ့အနက်က အများစုဟာ မြန်မာနိုင်ငံ
ကိုပြန်ရင် မဲဆောက်-မြ၀တီလမ်းကြောကို အသုံးပြုကြပါတယ်။

အလုပ်သမားတွေ ကိုင်ဆောင်တဲ့ ပတ်စ်ပို့အကြောင်းကို ဧရာဝတီဘလော့မှာ ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ် ဆိုပြီး ဖော်ပြခဲ့ပြီးပါပြီ။ blog.irrawaddy.org/2013/02/blog-post_8529.html မှာ ဖတ်ရှုနိုင်
ပါတယ်။

ပတ်စ်ပို့ ပွဲစားတွေရဲ့ မသမာမှုတွေက ဒီကနေ့ ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ယာယီ ရပ်ဆိုင်းသွားပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...