ဧဒင်အချစ်ပုံပြင်: မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး

Thursday, 23 May 2013

မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး


ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅.၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါဆရာတော်ဦးကောဝိဒနှင့် Probox အဖြူရောင်အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာရာ အဝေးပြေးကွင်းမှ အထွက်


၂ ဖါလုံခန့်အရောက်တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဆရာတော်များ၏ ငွေကျပ် (၄)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ သင်္ကန်းနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ ပါဆုံးသွားသဖြင့်အရေးယူပေးပါရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ ယာဉ်နှင့်ယာဉ်မောင်း တို့အားအမြန်ဖေါ်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်မြို့တွင် ယခင်ကလည်းကမ္ဘောဇဘဏ်တွင် အငှားယာဉ်မှ ဈေးသက်သာစွာနှင့် လိုက်ပြီးလမ်း တွင်ကားပျက်သည်
ဟုပြော၍ ခရီးသည်မှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးမှု
(၂)ကြိမ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှဖေါ်ထုတ်ပေးခဲ့ပါသည်။ အငှားယာဉ်ငှားရမ်းစီးသူများအနေဖြင့် မိမိငှားစီးသောအငှားယာဉ်နံပါတ် များအားမှတ်သားထားသည့် အလေ့အကျင့်ပြုသင့်ကြောင်း
သတိပေးလိုပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...