ဧဒင်အချစ်ပုံပြင်: သံထည် ပစ္စည်းဟောင်း တစ်ခုအား မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွား

Thursday 16 May 2013

သံထည် ပစ္စည်းဟောင်း တစ်ခုအား မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွား

Photo: သံထည် ပစ္စည်းဟောင်း တစ်ခုအား မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာ ရပ်ကွက် အနီးရှိ ရထားသံလမ်း အနီး ယာခင်း အစပ်၌ မေ ၁၅ ရက် ညနေ ၃ နာရီခွဲ ခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားကြောင်း သိရှိရ သဖြင့် တပ်မတော်နှင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများက သွားရောက်၍ စိစစ်ချက်များ အရ ကျောက်ပန်းတောင်း မြို့၊ သီရိမင်္ဂလာ ရပ်ကွက်၊ မြို့ပတ်လမ်းနေ မခင်မြမော် ၃၂ နှစ်မှ ၎င်း၏ နေအိမ် အတွင်း ရေတွင်း တူးရာမှ တွေ့ရှိသော အရှည် ၉ လက်မ အချင်း ၄ လက်မရှိ သံထည်ပစ္စည်း အဟောင်း ခြောက်ခုအား မြို့ပေါ်ရှိ သံထည်ဆိုင်သို့ သွားရောက် ရောင်းချစဉ် ဆိုင်ပိုင်ရှင်မှ ၎င်းသံထည် ပစ္စည်းများ အား မီးရှို့ စမ်းသပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ရထားလမ်းများ တစ်စုံတ စ်ရာ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း သတင်း ရရှိသည်။

မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...