ဧဒင်အချစ်ပုံပြင်: မီးရှို့ခံရသော ကောက်ရိုးပုံတွင် အစောင့်ထားခဲ့သူအား ဓားဖြင့်ထိုးမှုဖြစ်ပွား

Monday 20 May 2013

မီးရှို့ခံရသော ကောက်ရိုးပုံတွင် အစောင့်ထားခဲ့သူအား ဓားဖြင့်ထိုးမှုဖြစ်ပွား

၁၉.၅.၂၀၁၃ ရက်နေ့ (၂၁၀၀)အချိန်ခန့် ဥက္ကံမြို့၊ ကြို့ချောင်းရွာနေ ဦးချစ်ဆွေ၊ (၆၁)နှစ်၊ (ဘ)ဦးဖိုးငြိမ်းသည် နေအိမ်တွင်ရှိနေစဉ် ရွာအရှေ့ဘက်ရှိ ၄င်းပိုင်ကောက်ရိုးပုံ မီးလောင်နေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ မီးလောင်နေသော ကောက်ရိုးပုံအနီးမှ စိုးရွှေပါ လူငယ် (၃)ဦးသည် ရွာအရှေ့ဘက်သို့ ထွက်ပြေးသွားသည်ကို တွေ့မြင်ခဲ့ပါသည်။
မီးလောင်နေသော ကောက်ရိုးပုံအား အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း နှင့် ရွာသားများ ရောက်ရှိလာ၍ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။
ဦးချစ်ဆွေမှ သားမက်ဖြစ်သူ အောင်စိုး အား အစောင့်အဖြစ် ထားခဲ့ပြီး အိမ်သို့ပြန်လာစဉ် မီးလောင်နေသော ကောက်ရိုးပုံဘက်မှ အချက်ပေး တုံးခေါက်သံကြားသဖြင့် ပြန်သွားကြည့်ရာ သားမက်ဖြစ်သူ အောင်စိုးအား တစ်ရွာတည်းနေ ဖိုးထောင် နှင့် ၀င်းဇော်တို့ (၂)ဦးမှ ၀ိုင်းထားပြီး တရားခံ စိုးရွှေမှ ဓားဖြင့်ထိုး၍ ဦးခေါင်း ယာဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ (၁)ချက် ရရျိထားသည်ကို တွေ့ရှိရသဖြင့် သားမက်ဖြစ်သူ အောင်စိုးအား ဥက္ကံဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် ပို့အပ်ကုသရ၍ ဥက္ကံရဲစခန်းတွင် အရေးယူပေးပါရန် တိုင်တန်းထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...