ဧဒင်အချစ်ပုံပြင်: ဘော်စတွန်ဗုံးကွဲမှုနဲ့ ပတ်သက်လို့ လူသုံးယောက်ကို ထပ်မံ တရားစွဲ နောက်ဆုံး ရေးသားချိန်

Wednesday 1 May 2013

ဘော်စတွန်ဗုံးကွဲမှုနဲ့ ပတ်သက်လို့ လူသုံးယောက်ကို ထပ်မံ တရားစွဲ နောက်ဆုံး ရေးသားချိန်

Photo: ဘော်စတွန်ဗုံးကွဲမှုနဲ့ ပတ်သက်လို့ လူသုံးယောက်ကို ထပ်မံ တရားစွဲ
နောက်ဆုံး ရေးသားချိန် 
Thursday,May02,2013

ဘော်စတွန် မာရသွန် ဗုံးကွဲမှုနဲ့ ပတ်သက်လို့ သံသယ ဖြစ်ခံရသူထဲက တယောက်ကို ခြေရာခံနိုင်မယ့် အစအန တွေကို ဖုံးကွယ်ပေးမှုနဲ့ အသက် ၁၉နှစ် အရွယ် လူငယ် သုံးယောက်ကို တရားစွဲထားတယ်လို့ အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီ အထဲက နှစ်ယောက်ဟာ ကာဇက်စတန်က ဖြစ်ပြီး ဗုံးခွဲသူအဖြစ် သံသယ ဖြစ်ခံရပြီး အသက်ရှင်ကျန်နေတဲ့ ဂျော်ခါ ဆာနာရက်ဖ်ရဲ့ လက်ပ်တော့ပ်နဲ့ ကျောပိုးအိတ်တွေကို ဖျက်ဆီး ၊ ဖုံးကွယ် ထားပေးခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။

ကျန်တဲ့ တယောက်ကတော့ အမေရိကန် နိုင်ငံသား ရိုဘဲ ဖီလီပိုစ် ဖြစ်ပြီး ဒီဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးတဲ့ အခါ ဗဟို ထောက်လှမ်းရေး အရာရှိတွေကို မှားယွင်း ထွက်ဆိုမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

သူတို့သုံးယောက်လုံးဟာ အပြစ် ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ်တွေ ကျခံရနိုင်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဘော်စတွန် မာရသွန်ပြေးပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင်း လူသုံးယောက် သေဆုံးခဲ့ရပြီး လူအယောက် ၂၆ဝ လောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဘော်စတွန် ဗုံးခွဲမှုကြောင့် ခြေပြတ်သွားတဲ့ အကမယ်လေး
BBC

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ
ဘော်စတွန် မာရသွန် ဗုံးကွဲမှုနဲ့ ပတ်သက်လို့ သံသယ ဖြစ်ခံရသူထဲက တယောက်ကို ခြေရာခံနိုင်မယ့် အစအန တွေကို ဖုံးကွယ်ပေးမှုနဲ့ အသက် ၁၉နှစ် အရွယ် လူငယ် သုံးယောက်ကို တရားစွဲထားတယ်လို့ အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီ အထဲက နှစ်ယောက်ဟာ ကာဇက်စတန်က ဖြစ်ပြီး ဗုံးခွဲသူအဖြစ် သံသယ ဖြစ်ခံရပြီး အသက်ရှင်ကျန်နေတဲ့ ဂျော်ခါ ဆာနာရက်ဖ်ရဲ့ လက်ပ်တော့ပ်နဲ့ ကျောပိုးအိတ်တွေကို ဖျက်ဆီး ၊ ဖုံးကွယ် ထားပေးခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။

ကျန်တဲ့ တယောက်ကတော့ အမေရိကန် နိုင်ငံသား ရိုဘဲ ဖီလီပိုစ် ဖြစ်ပြီး ဒီဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးတဲ့ အခါ ဗဟို ထောက်လှမ်းရေး အရာရှိတွေကို မှားယွင်း ထွက်ဆိုမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

သူတို့သုံးယောက်လုံးဟာ အပြစ် ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ်တွေ ကျခံရနိုင်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဘော်စတွန် မာရသွန်ပြေးပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင်း လူသုံးယောက် သေဆုံးခဲ့ရပြီး လူအယောက် ၂၆ဝ လောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဘော်စတွန် ဗုံးခွဲမှုကြောင့် ခြေပြတ်သွားတဲ့ အကမယ်လေး
BBC


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...