ဧဒင်အချစ်ပုံပြင်: မွေးနေ့မှာ ချစ်သူဆီ ကနေ နာရီ လက်ဆောင်ရတဲ့ ဖြိုးငွေစိုး

Tuesday 7 May 2013

မွေးနေ့မှာ ချစ်သူဆီ ကနေ နာရီ လက်ဆောင်ရတဲ့ ဖြိုးငွေစိုး

ဧပြီလ ၂၈ ရက်နေ့ မွေးနေ့ရှင် ဖြိုးငွေစိုးက အသိ မိတ်ဆွေ အနုပညာ မောင်နှမ များနဲ့ အတူ မွေးနေ့ပွဲကို ရွှေဂုံတိုင် Napoli စားသောက်ဆိုင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အသိ မိတ်ဆွေ သူငယ်ချင်း များ ကို တော့ မွေးနေ့ လက်ဆောင် မပေးဖို့ ကြိုပြော ထားပေမယ့် ချစ်သူဆီက တော့ နာရီ တစ်လုံး မွေးနေ့ လက်ဆောင် အဖြစ် ရရှိခဲ့ကြောင်း ဖြိုးငွေစိုး ကပြောပါတယ်။ “မွေးနေ့ပွဲကို တအား ကြီးကြီး ကျယ်ကျယ်တော့ မလုပ်ခဲ့ဘူး။ သူငယ်ချင်း၊
မိတ်ဆွေ တွေလောက်ပဲ အလွတ်သဘော ကျင်းပခဲ့တယ်။ ကျွန်တော်က အားလုံးကို လက်ဆောင် မယူလာပါနဲ့လို့ပြော ထားတယ်။ ဒါပေမဲ့ ရေမွှေးတွေတော့ ယူလာပေးကြတယ်။ ကျွန်တော့် ကောင်မလေးက မွေးနေ့ မတိုင်ခင်မှာ နာရီ လက်ဆောင်ပေးခဲ့တယ်။ သူ နဲ့ကျွန်တော်က မွေးနေ့မှ မဟုတ်ပါဘူး။ အမြဲတမ်း တစ်ခုနဲ့ တစ်ခု ပေးတတ် တယ်။ ထူးထူးဆန်း ဆန်းလေးတွေ တွေ့ရင် တစ် ယောက် နဲ့ တစ် ယောက်ဝယ်ဝယ် ပေးနေကျပဲ။ သူက သူပေးတဲ့ နာရီကို ပတ်မှကြိုက်တယ်။ ဒါပေမဲ့ နာရီက အကြီးကြီးဖြစ် နေ တယ်။ သူဝယ်ပေးတဲ့ နာရီကို ကြိုက် ပါတယ်။ နာရီ ဆိုတော့ အမြဲတမ်း အချိန်သိရ တာပေါ့” လို့ပြောပါတယ်။
ဗီဒီယို ဇာတ်ကားတွေပဲ ရိုက်ကူးဖြစ်နေတဲ့ ဖြိုးငွေစိုးက “နောက်ပိုင်း မှာ ကျွန်တော် ဗီဒီယိုကားကို ဇာတ်လမ်း ပုံစံပြောင်းပြီး ရိုက်ကူးသွားမယ်။  ရသတွေ စုံအောင် ကျွန်တော့်ဘက်က အပြောင်းအလဲ လုပ်သွားမှာပါ။ အဲဒီလို အပြောင်းအလဲတွေ ကြားမှာ ပရိသတ်တွေ အနေနဲ့ သည်းခံပြီး ကြည့်စေချင်တယ်။ ကျွန်တော်က ရုပ်ရှင် ဇာတ်ကားကြီး သိပ် မရိုက်ဖြစ်ဘူး။ ရုပ်ရှင်ကား ဆိုတာ ဗီဒီယိုနဲ့ မတူတော့ ကျွန်တော်တို့ ဘက်က တစ်ခုခု ထူးအောင် ပြင်ဆင် ပြီးလုပ်ချင်တယ်”လို့ပြောပါတယ်။
တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...