Sunday, 12 May 2013
မုန်တိုင်းကို တိုက်ပွဲထက် ပိုကြောက်နေသော တပ်မတော် အရာရှိများ
အစ်ကိုရေ..မုန်တိုင်း တစ်ခု နောက် ၃ ရက်အတွင်းမှာ ရခိုင်မြောက်ပိုင်းကို ၀င်မယ်တဲ့။ သေပါပြီဗျာ ဆိုပြီး စိုး ရိမ် တကြီး ဖုန်းဆက်လာသူကတော့ မော်လမြိုင်တပ်နယ် တပ်ရင်းမှ အရာရှိတစ်ဦးပင်။
သူသည်ကား ပြီးခဲ့သည့် နာဂစ် မုန်တိုင်း ကာလအတွင်း ၄ လ ကျော် အချိန်ပြည့် တာဝန် ထမ်းဆောင် ခဲ့ရသူ တစ်ဦး ဖြစ်သည်။ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် အလုံးအရင်းဖြင့် စေလွှတ်ခဲ့သည့် တပ်မတော်တပ်ရင်းများတွင် သူတို့ တပ်ရင်းလည်း အပါအ၀င် ဖြစ်သည်။
‘နေ့စဉ် အသေအပျောက်စာရင်းတွေ တင်ရတယ်။ အလောင်းကောင်တွေကို ရေတွက်ရတယ်။ နေ့တိုင်း အစီ ရင် ခံရတယ်။ အလောင်းတွေကို ကိုယ်တိုင်လည်း ဆယ်ရတယ် ။စစ်ဆင်ရေး သဘောမျိုးဆိုတော့ ၀တ် စုံက ၂ စုံပဲ ပါသွားတာ။ အင်္ကျီတွေကို နမ်းလိုက်ရင် လူသေနံ့တွေ စွဲနေလွန်းလို့ ထမင်းတောင် မ စားနိုင် ဘူး ’ ဟု သူက သူ့အတွေ့အကြုံကို ပြောပြသည်။
ကျွန်တော်တို့ အလောင်းကောင်တွေကို ဆယ်နေတဲ့ အချိန်မှာ INGO အဖွဲ့တွေကိုလည်း တွေ့တယ်။ သူ တို့က လည်း အခြေအနေတွေ သိချင်တယ်။ ကူညီချင်ကြတယ်။ ကျွန်တော်တို့ကလည်း နေ့စဉ်ရက်ဆက် အေ လာင်း တွေနဲ့ လုံးနေတော့ လူက မှုံကုပ်ကုပ်ဖြစ်နေပြီ။ အခင်ဆုံး ကျောင်းနေဘက် သူငယ်ချင်းက သူသိ ချင်တာတွေ လာမေးတာတောင် ကောင်းကောင်း ပြန်မပြောနိုင်လို့ အခင်အမင် ပျက်တော့မလို ဖြစ်သေးတယ်။ (---) လေ၊ သိတယ် မဟုတ်လား ဟု ဆက် ပြောပြသည်။
ယခုတော့ ပါတီကြီး တစ်ခုမှ ရပ်ကွက်အဆင့် တာဝန်ရှိသူ တစ်ယောက်ကို ပြေးမြင်မိသည်။ အသုဘ တစ်ခါ ပို့ပြီးလျှင် သရော်ကင်ပွန်းဖြင့် ခေါင်းဆေးတတ်သည့် အကျင့်ရှိသည့် မြန်မာလူမျိုး တစ်ဦး အတွက် နေ့စဉ် အလောင်းကောင်များဖြင့် လုံးထွေးနေရခြင်းမှာ မည်မျှ ပင်ပန်းဆင်းရဲ မည်ကိုလည်း မှန်းဆ မိသည်။
“ထပ် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ရေ တစ်ခါ သောက်ရင်တောင် ပထမတစ်ခွက်က ပြန်အန် ထွက် တဲ့ အခြေအနေ မဖြစ်စေချင်ဘူး။ ပြီးတော့ ငိုနေတဲ့ သူတွေရဲ့ မျက်ရည်တွေ၊ ဒုက္ခရောက်နေသူတွေရဲ့ ငို သံတွေ ကိုလည်း ထပ်မကြားချင်တော့ဘူး ” ဟု သူက ဆက်ပြောပြသည်။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွားစဉ်က တပ်မတော်မှ အကူအညီ အဖြစ် တပ်ရင်းပေါင်းများစွာ စေ လွှတ် ခဲ့ပြီး အဆိုပါ စေလွှတ်သည့် အင်အားမှာ ပြည်တွင်းတိုက်ပွဲကြီးများတွင် အသုံးပြုသည့် အင်အား၏ ၂ ဆ ကျော် ရှိ ခဲ့ ကြောင်း၊ အသေးစိတ် အသေအပျောက်၊ ဒဏ်ရာရ အခြေအနေများကို နေ့စဉ် အစီရင် ခံရကြောင်း တို့ကိုလည်း သိခဲ့ရသည်။ အရာရှိများပင် ထိုသို့ ဖြစ်ပါက အောက်ခြေအဆင့် ရဲဘော်များမှာ စိတ် ပင်ပန်းမှု၊ လူပင်ပန်းမှု၊ နေ့စဉ် ရေစိုရွှဲ နေသည့် ယူနီဖောင်း၊ အလောင်းနံ့များစွဲနေသည့် ၀တ်စုံ များဖြင့် မည်မျှ ပင်ပန်း ဆင်းရဲလေမည်လဲ။ ဆွေမျိုးများ ပျောက်ဆုံးသေဆုံးသည့် မိသားစုများ မည်မျှ ၀မ်း နည်း ရလေမည်လဲ။
မည်သူမှ ဒုက္ခမရောက်ကြပါစေနှင့်။ မည်သည့် သဘာဝ ဘေးအန္တရာယ်မှ မကြုံပါစေနှင့်ဟု ဆုတောင်း ရင်း…
ဓာတ်ပုံ-ရေဘေး ကယ်ဆယ်ရေး တစ်ခုမှ တပ်မတော်သားများ
.oppositeyes.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment