ဧဒင်အချစ်ပုံပြင်: တရုတ်ပြည်ကပြန်လာမှ လူဖြစ်လာတယ်လို့တောင် ပြောလို့ရတယ်ဆိုတဲ့ မိုးအောင်ရင်

Friday 17 May 2013

တရုတ်ပြည်ကပြန်လာမှ လူဖြစ်လာတယ်လို့တောင် ပြောလို့ရတယ်ဆိုတဲ့ မိုးအောင်ရင်

တရုတ်ပြည်ကို သွားခဲ့ တုန်းက အမှတ်တရတွေ အများကြီး ဖြစ်ခဲ့ တယ်။ နောက်ပြီး အတွေ့အကြုံ တွေလည်း တော်တော် ရခဲ့ပါတယ်။ ရန်ကုန်မှာ နေတုန်းက အမေ၊ အ ဖေလည်း မရှိဘဲ တစ်ယောက်တည်း နေတာဆိုတော့ ရေခပ်တာက အစ၊ ဘာမှ မဟုတ်တဲ့ ကိစ္စလေး တွေမှာ တောင် ကျွန်တော့် တပည့်လေးတွေ ကို ခိုင်းဖြစ်တယ်။ လက်သည်းညှပ် တာရော အားလုံးပဲ။ ကိုယ့်ဘာသာ
ကိုယ်ဘာမှ မလုပ်ဘူး။ တရုတ်ပြည် လည်းရောက်ရော ကိုယ်စားတဲ့ ပန်းကန် ကိုယ့်ဘာသာ ကိုယ်ဆေးရ တယ်။ အဝတ်ကိုလည်း အဝတ် လျှော်စက်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့် ဘာသာကိုယ် လက်နဲ့ လျှော်ခဲ့ရ တယ်။ မလျှော်တတ် လျှော်တတ်နဲ့ ရုပ်ရှင်ထဲကလို ထုရိုက်ပြီး လျှော်တာ အင်္ကျီနှစ်ထည် ပစ်လိုက်ရတယ်။


အဲဒါတွေကြောင့် အခုဆို ဘာရယ် မဟုတ်တဲ့ အလုပ်လေး တွေကို တောင် ကိုယ့်ဘာသာ ကိုယ်လုပ်ရ ကောင်းမှန်း သိလာပြီ။ အခုမှ လူဖြစ် လာတယ် လို့တောင် ပြောလို့ရ တယ်။ ကျွန်တော်တို့ တရုတ်ပြည် ကိုသွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားဝင် စာနယ်ဇင်း ရှင်းလင်းပွဲ ကို နောက်လမှာ လုပ်ဖြစ်မယ်။ အစက ဒီလထဲမှာ လုပ်မလို့ပဲ။ ကျွန် တော်တို့တောင် တရုတ်ပြည်ကို ဒီ လထဲမှာ ပြန်သွား ရမှာဖြစ်ပေမယ့် နောက်လမှ တရုတ်ပြည်ကို သွားရ တော့မှာဆိုတော့ စာနယ်ဇင်းရှင်း လင်းပွဲကိုလည်း နောက်လမှ ပဲလုပ် ဖြစ်မယ် ထင်ပါတယ်။ ဟိုမှာ ကျွန် တော်တို့ သွားလည် ခဲ့တာတွေနဲ့ ကျွန်တော်တို့ရဲ့ အသံသွင်း ထားတာ တွေကို သူတို့ ဗီဒီယို ရိုက်ထား တယ်။
အဲဒါတွေကို သူတို့ပြပြီး စာ နယ်ဇင်း ရှင်းစလင်းပွဲ လုပ်မယ်ထင်တယ်။ ဒီတို့ ဘက်က ဘာမှမပြောဖို့ တားမြစ် ထားတယ်။ အခု ကျွန်တော် ပြောတယ်ဆိုတာ က ကျွန်တော့် အနေနဲ့ အဲဒီရက် လေးဆယ်လောက် ပျောက်သွားတာ ကို ပရိသတ်က ဘာလို့ပျောက်သွား တာလဲဆိုပြီး စိတ်ပူမှာ စိုးလို့ပါ။ ကျွန်တော် ကတော့ ဒီလိုပြောချင် တယ်ဆိုတာကို သူတို့ ပိတ်လို့မရတဲ့ အတွက် ပေးပြောတယ်။ သူတို့ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မပြောပါဘူး။ ကျွန်တော် အခု နန်းဆုရယ်၊ ဦးခင်လှိုင်ရယ်၊ ဒါ ရိုက်တာ သပြားသုနဲ့ ဇာတ်ကား ရိုက်နေ ပါတယ်။ 
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...