ဧဒင်အချစ်ပုံပြင်: တကယ့်အမွှာ

Friday 17 May 2013

တကယ့်အမွှာ

Photo: တကယ့်အမွှာ
Saturday, May 18, 2013

မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...

သူတို့နှစ်ယောက်စလုံးဟာ အရပ် ၆ ပေစီမြင့်ပြီး ကိုယ်အလေးချိန် ၁၈၀ ပေါင်စီ အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျရှိကြပါတယ်... ဒါပေမဲ့ ဒီထက်မကတူညီတဲ့အချက်တွေရှိကြပါသေးတယ်... ယှက်နွယ်နေတဲ့ဘဝများ (Entwined Lives) စာအုပ်ရေးသားသူ Nancy Segal ဟာ သူတို့ရဲ့ တူညီတဲ့အချက်တွေကို အောက်မှာဖော်ပြ ထားတဲ့အတိုင်း စာရင်းပြုစုထားပါတယ်...

၁) လူငယ်ဘဝတုန်းက Jim နှစ်ယောက်စလုံးမှာ Toy လို့ အမည်ရတဲ့ ခွေးတစ်ကောင်စီရှိကြပါတယ်...

၂) Jim နှစ်ယောက်လုံးဟာ အိမ်ထောင်နှစ်ကြိမ်ပြုခဲ့ကြပြီး ပထမဇနီးနှစ်ယောက်လုံးဟာ Linda လို့ အမည်ရပြီး ဒုတိယဇနီးနှစ်ယောက်လုံးကတော့ Betty လို့အမည်ရပါတယ်...

၃) နှစ်ယောက်စလုံးမှာ James Allan လို့ အမည်ရတဲ့ သားတစ်ယောက်စီ ရှိကြပါတယ်...

၎) မိသားစုအားလပ်ခရီးထွက်တဲ့အခါ Jim နှစ်ယောက်စလုံးဟာ Florida မှာရှိတဲ့ Pas Grille ကမ်းခြေကို အပြာနုရောင် Chevrolet ကားနဲ့ မောင်းသွားလေ့ရှိကြပါတယ်...

၅) Jim နှစ်ယောက်စလုံးဟာ Salem စီးကရက်ကိုသောက်ကြပြီး Miller Lite ဘီယာကို သောက်ကြသူတွေဖြစ်ပါတယ်...

၆) Jim နှစ်ယောက်စလုံးဟာ နယ်ထိန်းအရာရှိအဖြစ် အချိန်ပိုင်းအလုပ်ကို တစ်ကြိမ်စီလုပ်ဖူးကြပါတယ်...

၇) နှစ်ယောက်စလုံးဟာ လက်သည်းကိုက်တတ်ကြပြီး ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိသူများ ဖြစ်ကြပါတယ်....

Ref: Fun Facts
နှိုင်းရင့်နွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...