ဧဒင်အချစ်ပုံပြင်: “ဆီးရီးယားတွင် သူပုန်ခေါင်းဆောင်က အစိုးရစစ်သား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို စားသောက်”

Wednesday 15 May 2013

“ဆီးရီးယားတွင် သူပုန်ခေါင်းဆောင်က အစိုးရစစ်သား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို စားသောက်”

Photo: “ဆီးရီးယားတွင် သူပုန်ခေါင်းဆောင်က အစိုးရစစ်သား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို စားသောက်”

ဆီးရီးယားရှိ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု သူပုန်အဖွဲ့ ခေါင်းဆောင် တစ်ဦးသည် ရန်သူ အစိုးရ စစ်သား တစ်ဦး၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ကလဲ့စားချေသည့် အနေဖြင့် စားသောက်ခဲ့မှုအတွက် ဝေဖန်မှုများစွာ ရင်ဆိုင်နေရသည်။ 

ခါလက်အယ်လ် ဟာမက်သည် ရန်သူ စစ်သား တစ်ဦး၏ အလောင်းမှ အစိတ်အပိုင်း အချို့ကို ရယူ စားသောက်ခဲ့သည့် ပုံကို မှတ်တမ်းတင် ဗီဒီယို ရိုက်ထားပြီး ယင်းကို အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် စည်းရုံးမှုတွင် အောင်ပွဲပုံရိပ် တစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ 

ယခုအခါ သူပုန်တပ်များ၏ ကြမ်းကြုတ် ရက်စက်မှုများကို အနောက်အုပ်စု နိုင်ငံများကပါ မသိမမြင်ယောင် ဟန်ဆောင်နေကြောင်း စွပ်စွဲမှုများသည် ဟာမက်၏ ဗီဒီယိုနှင့်အတူ ကျယ်ပြန့်လာခဲ့သည်။ 
ဗီဒီယိုထဲတွင် ဟာမက်သည် စစ်သားတစ်ဦး၏ အလောင်းမှ အဆုတ်ဟု ယူဆရသော အင်္ဂါအစိတ်အပိုင်းကို ဖြတ်ထုတ်ကာ အပိုင်းအစငယ် အချို့ကို စားသောက်နေကြောင်း တွေ့ရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...