ဧဒင်အချစ်ပုံပြင်: PSY ၏ ဘ၀ ဇာတ်ကြောင်းကို ဖော်ပြထားသည့် ကာတွန်းစာအုပ် အမေရိကန်နှင့် တောင်ကိုရီးယားတွင် စတင်ဖြန့်ချိ

Sunday 5 May 2013

PSY ၏ ဘ၀ ဇာတ်ကြောင်းကို ဖော်ပြထားသည့် ကာတွန်းစာအုပ် အမေရိကန်နှင့် တောင်ကိုရီးယားတွင် စတင်ဖြန့်ချိ


"Gangnam Style" တေးသီချင်းဖြင့် ကမ္ဘာ တစ်ဝန်းမှ ပရိသတ် များ၏ အားပေးမှုကို ရရှိခဲ့သော တောင်ကိုရီးယား ရက်ပ်အဆိုတော် PSY ၏ ဘ၀ ဇာတ်ကြောင်းကို ယခုအခါ ရောင်စုံ ကာတွန်း စာအုပ်တွင် အရောင်အသွေး စုံလင်စွာဖြင့် ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ကာတွန်း စာအုပ်တွင် စာမျက်နှာ ၂၆ မျက်နှာ ပါရှိပြီး ပရိသတ်၏ အားပေးမှုကို ရရှိခဲ့သော PSY ၏ အောင်မြင်ကျော်ကြား လာပုံကို သရုပ်ဖော် ထားကြောင်း သိရသည်။

PSY သည် ၎င်း၏ ဒုတိယမြောက် တေးသီချင်း ဗီဒီယို "Gentleman" ထုတ်လွှင့်မှုကို ပြီးခဲ့သည့် လက အဆုံးသတ်ခဲ့ ကြောင်းနှင့် ယင်းသီချင်းကို You Tube တွင် ပရိသတ် သန်း ၂၆၀ ခန့် ၀င်ရောက် ကြည့်ရှုခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က Billboard Hot 100 စာရင်းတွင် ပဉ္စမ နေရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကာတွန်း စာအုပ်အား အမေရိကန် ကုမ္ပဏီ ဘလူးဝိုးတားနှင့် တောင်ကိုရီးယား နိုင်ငံမှ အေဘယ် ကုမ္ပဏီ တို့က ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...