ဧဒင်အချစ်ပုံပြင်: လမ်းလယ်ခေါင်းဖြတ်သတ်သူနှင့် ရင်ဆိုင်စကားပြောခဲ့သည့် ရဲရင့်သည့် သားအမိနှစ်ဦး (vedio)ဖိုင်

Friday 24 May 2013

လမ်းလယ်ခေါင်းဖြတ်သတ်သူနှင့် ရင်ဆိုင်စကားပြောခဲ့သည့် ရဲရင့်သည့် သားအမိနှစ်ဦး (vedio)ဖိုင်

Message of hate: One of the alleged attackers rants at the camera while pointing at the soldier he is suspected of killingဗြိတိန်နိုင်ငံ Woolwich တွင် မနေ့ကဖြစ်ပွားခဲ့သော လမ်းလယ်၌ စစ်သားအား ခေါင်းဖြတ်သတ်နေသည်ကို အနီးအနားရှိသူတွေက ယင်းကြောက်မက်ဖွယ်မြင်ကွင်းအား ကြောင်ကြည့်နေခဲ့ပြီး ဓါတ်ပုံရိုက်တဲ့သူရိုက်နဲ့ အနီးရှိရဲတောင်မှ လက်နက်ကိုင်သည့်ရဲတွေအလာ စောင့်နေချိန်တွင် အာဂသတ္တိခဲ သားအမိနှစ်ယောက်က ၎င်းတို့၏အသက်ကိုပင် မငဲ့ဘဲ အသတ်ခံရသည့် ဗြိတိန်စစ်သား၏အနားသို့ သွားရောက်
အားပေးစကားပြောခဲ့ကြောင်း သိရသည်။
ထိုသားအမိနှစ်ဦးမှာ အသက်(၂၀)အရွယ် Gemini Donnelly-Martin ဆိုသူနှင့် သူမ၏မိခင် Amanda ဖြစ်ကြောင်း သိရသည်။
Amanda က လူသတ်သမားများကို ဖြောင်းဖျ၍ သေဆုံးသူ Drummer Lee Rigby အနားတွင် ထိုင်၍ သေဆုံးသူအတွက် ဆုတောင်းခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...