ဧဒင်အချစ်ပုံပြင်: အသက် ၁၃ နှစ် ကျောင်းသားတစ်ယောက် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်သေ

Sunday 2 June 2013

အသက် ၁၃ နှစ် ကျောင်းသားတစ်ယောက် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်သေ


အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ယာက်သည် ကျောင်းတွင် ကိုယ့်ကိုယ်ကို ပစ်သေသည့်အမှုတစ်ခု အိုကလာဟိုးမား၊ စတေးဝေါတား အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည်။
အသက် ၁၃ နှစ် အရွယ်ရှိ ကာဒေ ပိုးလော့စ်ဆိုသူသည် ပြီးခဲ့သည့် မေလ ၂၉
ရက်နေ့က ကျောင်းသို့ရောက် လာပြီး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သေသွားကြောင်း အိုကလာဟိုးမားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
စတေးဝေါတားကျောင်းက ပြောရေးဆိုခွင့်ရှိသူ ရှယ်ရီ ဖလက်ချာက မိမိတို့ကျောင်းအတွင်း အခြားထိခိုက်မှုများ မရှိကြောင်း၊ ကျောင်းသားများကို အခင်းဖြစ်ပွားသည်နှင့် အခြားနေရာများသို့ ရွှေ့ပြောင်းပြီးစီးကြောင်း၊ အိမ်များ ဆီသို့လည်း ဘတ်စ်ကားများဖြင့် ပြန်ပို့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
စတေးဝေါတာမြို့ ရဲအရာရှိ ရန်ဒီ ဒစ်ကာဆန်ကလည်း ကျောင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးသည် သေနတ်သံကြားသည်နှင့် ရဲတပ်ဖွဲ့သို့လှမ်းပြီး အချက်ပေးခဲ့ကြောင်း၊ အချက်ပေးသံများလည်း ထွက်ပေါ်လာ ခဲ့ပြီး ရဲအရာရှိများ ကျောင်းသို့ရောက်ရှိချိန်တွင် ကျောင်းသားမှာ ခေါင်းတွင် သေနတ်ဒဏ်ရာရနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျောင်းသားကို အနိုင်ကျင့်ပြီး စေခိုင်းသောကြောင့်လား၊ ကိုယ်တိုင်လုပ်ဆောင်ခြင်းလားဆိုသည်မှာ စုံစမ်းဆဲဖြစ်ကြောင်း၊ တွေ့မြင်လိုက်ရသည့်မြင်ကွင်းမှာ စိတ်မကောင်းစရာကောင်းကြောင်း ရဲအရာရှိကပြော ကြားခဲ့သည်။
ကျောင်းတာဝန်ရှိသူများကမူ ထိုကျောင်းသားအပေါ် အနိုင်ကျင့်သောကြောင့် ဤသို့လုပ်ဆောင်ရခြင်းဆိုသည် မှာ ကွန်ပျူတာမှတ်တမ်းများတွင်လည်း မတွေ့ရကြောင်း၊ ကျောင်းသားမိဘများကို ဝမ်းနည်းမိကြောင်းကို ပြော ကြားလိုကြောင်း ပြောကြားသည်။
သေဆုံးသူသည် အဆင့် ၈ အတန်းမှဖြစ်ကြောင်း၊ ကျောင်းသို့ရောက်လာသည်မှာ မကြာသေးကြောင်း၊ သူသည် ကျောင်းတွင် အမြဲပြုံးပြီးနေလေ့ရှိသူတစ်ယောက်အဖြစ် ဝန်ထမ်းများက သတိပြုမိကြောင်း သူမက ပြောကြားသည်။
သေနတ်သံကို နံနက် ၈ နာရီခန့်အချိန်တွင် ကြားခဲ့ရပြီး၊ ထိုအချိန်သည် အခြားကျောင်းသားများ ကျောင်းသို့သွားရန် ပြင်ဆင်နေကြချိန်လည်းဖြစ်သည်။  ကျောင်းသားသတ်သေသွားသည့်နေရာသည် ကျောင်းသားများပစ္စည်းထားသည့် ဘီရိုအနီးတွင်ဖြစ်ကြောင်း ရဲအရာရှိကပြောကြားသည်။ ကျောင်းများသည် ထိုသတင်းကိုကြားသည်နှင့် ခေတ္တပိတ်လိုက်သည်ဟုသိရသည်။
မောက္ခသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...