ဧဒင်အချစ်ပုံပြင်: လိုင်းကားမှ ရပ်ထားသောနောက်တွဲယာဉ်အားတိုက်မိ၍ လိုင်းကား ယာဉ်မောင်းသေဆုံး၊ခရီးသည်ဒဏ်ရာရ

Saturday 15 June 2013

လိုင်းကားမှ ရပ်ထားသောနောက်တွဲယာဉ်အားတိုက်မိ၍ လိုင်းကား ယာဉ်မောင်းသေဆုံး၊ခရီးသည်ဒဏ်ရာရ

Photo: လိုင်းကားမှ ရပ်ထားသောနောက်တွဲယာဉ်အားတိုက်မိ၍ လိုင်းကား ယာဉ်မောင်းသေဆုံး၊ခရီးသည်ဒဏ်ရာရ

၁၅.၆.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဒဂုံဆိပ်ကမ်းမြို့နယ်၊
(၆၀)ရပ်ကွက်၊ ရတနာလမ်းတွင် သာကေတမြို့နယ်ဘက်မှ
မောင်းနှင်လာသော ၆က/၆၆၈၂ ၊ (၈၉)လိုင်း ၊ခရီးသည်တင် ဒိုင်နာယာဉ်သည် ဆရာမအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှေ့အရောက်တွင်လမ်းဘေး၌ ရပ်ထားသော ၅ခ/---- နီဆန်းနောက်တွဲယာဉ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် လိုင်းကားယာဉ်မောင်းဖြစ်သူ မြင့်သိန်းဦး၊
၄၂နှစ်၊ (ဘ)ဦးသန်းဌေး၊ သာကေတမြို့နယ်နေသူမှာ
ယာလက်မောင်းပြတ်၊ ၀မ်းဗိုက်ပေါက်ပြဲ၊ ဦးခေါင်းကွဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်နေသူများဖြစ်သည့် မမာမာဝေ၊ ၃၁နှစ်တွင် ၀ဲခြေဖမိုးပေါက်ပြဲ၊ ယာလက်မောင်းနာကျင်ဒဏ်ရာနှင့်
အောင်ဇော်ဌေး၊ ၃၀နှစ်တွင် နဖူးပွန်းပဲ့၊ ခါးနာကျင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် သင်္ကန်းကျွန်းစံပြဆေးရုံကြီးတွင်
ဆေးကုသမှုခံယူခဲ့ရသောကြောင့် လိုင်းကားယာဉ်မောင်း
မြင့်သိန်းဦး (သေဆုံး)အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း 
ယာဉ်(ပ)၁၆/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...