အခြေအနေများကို သွား ရောက် လေ့လာခဲ့ သည့် အထူး ကိုယ်စားလှယ် အဖွဲ့ထံမှ သိရသည်။
မလေးရှား နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လတ်တလော အခြေအနေများသည် မလေးရှား နိုင်ငံရှိ မြန်မာလုပ်သား အားလုံးအတွက် လွှမ်းခြုံ ခံစားနေရ သည့် အခြေအနေမျိုး မဟုတ်ဘဲ အဓိက ပဋိပက္ခဖြစ်ရာ နေရာဖြစ်သည့် ဆာလာရမ်း ဒေသတွင် ဆက်လက် အလုပ်လုပ် ကိုင် နေထိုင်ရန် စိုးရိမ်မှု ရှိသည့် အနေအထားမျိုးတွင် တွေ့နေရကြောင်း အဆိုပါ အထူး ကိုယ်စားလှယ် အဖွဲ့မှ သိရသည်။
ပဋိပက္ခ ဖြစ်စဉ်များ အပြီး မြန်မာ အစိုးရ၏ သံတမန်ကြောင်း အရ ဖိအား ပေးခဲ့သည့် အတွက် မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် လုပ်သားများကို စိစစ်ခဲ့ရာ မြန်မာရွှေ့ ပြောင်း လုပ်သား အရေအတွက် ၃ဝ၇ ဦးကို ကနဦး ထိန်းသိမ်း ထားခဲ့ပြီး ထပ်မံ၍ ၅၄ ဦးကို ထိန်းသိမ်း ထားခဲ့ပြန်သည်။ စိစစ်မှုများ ပြီးပါက မြန်မာ နိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေး၊ ဆက်လက် နေထိုင်နိုင်ရေးတို့ အတွက် မြန်မာသံရုံးနှင့် မလေးရှားရောက် မြန်မာ အသင်းများက ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
အထူး ကိုယ်စားလှယ် အဖွဲ့အနေ ဖြင့် မြန်မာ အလုပ်သမားများ ထိခိုက်မှု မရှိစေရေး အတွက် ကာကွယ်ပေးရေး အစီအမံများကို မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အာဏာပိုင် အဖွဲ့အစည်း များနှင့် ဆက်စပ် ဆောင်ရွက် ပေးသွားရန် ရှိပြီး မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၏ ပံ့ပိုး ကူညီသည့် အလှူငွေဖြင့် မြန်မာ လုပ်သားများ ပြည်တော်ပြန် နိုင်ရေးအတွက် မြန်မာသံရုံးမှ စီမံ ဆောင်ရွက်နေကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment