
မေလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က အင်းလုပ်ငန်း လုပ်ကိုင်သူ အဆိုပါ အမျိုးသမီးသည်
လုပ်ငန်းခွင်မှ နေအိမ်သို့ ပြန်လာရာ ရွာအရောက်တွင် ခင်ပွန်းဟောင်းဖြစ်သူ ဦးယဉ်မင်းထိုက် က ပြန်လည် ပေါင်းသင်းလိုကြောင်း ပြောဆိုရာ အမျိုးသမီးက မပေါင်းလိုကြောင်း ပြန်ပြောသဖြင့် ခင်ပွန်းဟောင်း ဖြစ်သူက ပုလင်းနှင့် ထည့်လျက် အသင့်ယူဆောင်လာသော ငရဲမီးပူဖြင့် ပက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အမျိုးသမီးဖြစ်သူသည် ယာဘက် ဦးခေါင်း၊ လက်၊ မျက်နှာ၊ ယာဘက်ရင်အုံတို့တွင် ငရဲမီး ဒဏ်ရာများ ရရှိခဲ့ကာ သပိတ်ကျင်း မြို့နယ် ဆေးရုံတွင် တက်ရောက်လျက် ရှိကြောင်း၊ တရားခံဟု ယူဆရသူ ဦးယဉ်မင်းထိုက် အသက် (၂၉) နှစ်ကို သပိတ်ကျင်းရဲစခန်း (ပ) ၁၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
thevoiceweekly
No comments:
Post a Comment