ဧဒင်အချစ်ပုံပြင်: အစိုင်း (Blackhole) ၏ “သစ္စာ” အမည်ရှိ တစ်ကိုယ်တော်စီးရီး ထွက်ရှိ

Friday 12 July 2013

အစိုင်း (Blackhole) ၏ “သစ္စာ” အမည်ရှိ တစ်ကိုယ်တော်စီးရီး ထွက်ရှိ

Photo: အစိုင်း (Blackhole) ၏ “သစ္စာ” အမည်ရှိ တစ်ကိုယ်တော်စီးရီး ထွက်ရှိ
Friday, 12 July 2013

သနပ်ခါးသီချင်းဖြင့် အောင်မြင်မှု ရရှိခဲ့သော တေးသံရှင် အစိုင်း (Blackhole) က “သစ္စာ” အမည်ရှိ တစ်ကိုယ်တော်စီးရီးကို ဇူလိုင် ၁၁ ရက်နေ့မှာ The Sun Music Production ကနေ စတင်ဖြန့်ချိမယ်လို့ The Voice ကို ပြောပါတယ်။

အဲဒီတေးစီးရီးမှာ ပါဝင်တဲ့သီချင်း ၁၁ ပုဒ်ဟာ ကိုယ်ပိုင်သံစဉ်တွေ ဖြစ်တယ် လို့ဆိုပါတယ်။ ၅ပုဒ်ကို မိမိရေးသားပြီး ကျန်တဲ့သီချင်းတွေကိုတော့ ကိုအောင်၊ အောင်ကိုမြင့်၊ မီဂျူးကေတို့က ရေးသား၍ Metal Zone Band နဲ့ တီးထားတာပါလို့ အစိုင်းက ဆိုပါတယ်။

"ဒီစီးရီးကို ၂၀၁၀ လောက်ကတည်းက စလုပ်နေတာပါ။ စီးရီးခေါင်းစဉ်ကို “သစ္စာ” လို့ ပေးဖြစ်တာကတော့ လူ့ဘဝမှာ ကြုံတွေ့လာရတဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေ အပေါ် ကျွန်တော်မြင်တဲ့ အမြင်ကို ပေးထား တာပါ၊ သစ္စာ ဆိုတဲ့ စကားလုံးက တိုလည်း တိုတယ်၊ မှတ်မိလည်း လွယ်မယ်ထင်လို့ ပေးလိုက်တာပါ" လို့ အစိုင်းက ပြောပြပါတယ်။

Blackhole အဖွဲ့မှာ “ဖန်သား နန်းတော်” အမည်ရှိ တေးစီးရီး ထွက်ရှိခဲ့ဖူးပြီး City FM ကချီးမြှင့်တဲ့ အကောင်းဆုံးအဖွဲ့ဆု ကိုလည်း ရရှိခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...