ဧဒင်အချစ်ပုံပြင်: PSY သီချင်းဗီဒီယိုများ YouTube တွင် ကြည့်ရှုမှု အရေအတွက် ၃ ဘီလျံကျော်လွန်

Friday 12 July 2013

PSY သီချင်းဗီဒီယိုများ YouTube တွင် ကြည့်ရှုမှု အရေအတွက် ၃ ဘီလျံကျော်လွန်

Photo: PSY သီချင်းဗီဒီယိုများ YouTube တွင် ကြည့်ရှုမှု အရေအတွက် ၃ ဘီလျံကျော်လွန်
Friday, 12 July 2013

PSY ၏ သီချင်းဗီဒီယိုများကို YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုမှု အကြိမ်အရေအတွက် (၃)ဘီလျံ ကျော်လွန်သွားပြီဟု သိရှိရသည်။PSY သည် ယခုအခါ Billboard ၏ Social 50 စာရင်းတွင် အဆင့်များစွာ ခုန်တက်လာပြီး ထိပ်ပိုင်းနား ရောက်ရှိလာခဲ့သည်။ 

Gangnam Style သီချင်းနှင့် နာမည်ကြီးခဲ့သော တောင်ကိုရီးယား Rapper သည် ယခုအခါ YouTubeတွင် လူကြည့်အများဆုံး ခံရသည့် စာရင်း၌ အဆင့်(၅) ချိတ်နေပြီ ဖြစ်သည်။ 

ယင်းသည် နောက်ဆုံးအကြိမ် ကောက်ယူသော စစ်တမ်းတွင်မူ အဆင့်(၂၉)သာ ရှိနေခဲ့သေးသည်။ PSY၏ YouTube Channel တစ်ခုတည်းတွင် ကြည့်ရှုသူ အရေအတွက် (၃)ဘီလျံကျော် ရရှိခဲ့ပြီး Socail 50 စာရင်းအရမူ အဆင့်(၆)တွင် ရှိနေသည်။

Social 50ကမူ YouTube တစ်ခုတည်းတွင် မကဘဲ Vevo၊ Facebook၊ Twitter၊ SoundCloud၊ Wikipedia၊ MySpace နှင့် Instagram စသော နေရာများတွင်ပါ ပရိသတ်၏ ကြည့်ရှုမှု၊ မျှဝေမှု၊ တုံ့ပြန်မှုများကို အခြေခံ ကောက်နုတ်ခြင်း ဖြစ်သည်။ 

YouTube၏ အဆိုအရ Gangnam Style သီချင်းဗီဒီယိုသည် ကြည့်ရှုသူ အရေအတွက် (၁.၇)ဘီလျံ ကျော်သွားပြီဖြစ်ပြီး YouTube သမိုင်းတွင် ပထမဆုံးအကြိမ် ကြည့်ရှုမှု (၂)ဘီလျံအထက် မြင့်တက်မည့် ဗီဒီယို ဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားသည်။

Social 50တွင် ထိပ်ဆုံးနေရာ၌ ဂျက်စတင်ဘီဘာ ရှိနေဆဲဖြစ်ပြီး ဒုတိယနေရာတွင် တေလာဆွစ်ဖ်က ရပ်တည်နေသည်။ Billboard၏ 
Socail 50စာရင်းတွင် လက်ရှိ ထိပ်ဆုံး(၁၀)နေရာ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဂျက်စတင်ဘီဘာ
၂။ တေလာဆွစ်ဖ်
၃။ ဘီယွန်းစ်
၎။ ရီဟန်နာ
၅။ ဂျက်စတင်တင်းဘားလိတ်ခ်
၆။ PSY
၇။ ဂျနီဖာလိုပက်ဇ်
၈။ ဘရူနိုမားစ်
၉။ ကန်းဒရစ်ခ်လာမာ
၁၀။ P!nk

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...