ဧဒင်အချစ်ပုံပြင်: ကလေးမှောင်ခို ကူးသည့် ဂိုဏ်း တစ်ဂိုဏ်းအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးခဲ့

Monday 11 February 2013

ကလေးမှောင်ခို ကူးသည့် ဂိုဏ်း တစ်ဂိုဏ်းအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးခဲ့


Photo: ကလေးမှောင်ခို ကူးသည့် ဂိုဏ်း တစ်ဂိုဏ်းအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ 
စုံစမ်း စစ်ဆေးခဲ့
Monday, February 11, 2013

အင်ဒိုနီးရှား နိုင်ငံတွင် သံသယ ရှိဖွယ် ကလေးမှောင်ခို ကူးသည့် ဂိုဏ်းတစ်ဂိုဏ်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။

ယင်း မှောင်ခိုကူးသည့် ဂိုဏ်းသည် အင်ဒိုနီးရှား နိုင်ငံမှ နို့စို့ ကလေးငယ် များအား စင်ကာပူသို့ ခေါ်ဆောင် သွားပြီး အခြား နိုင်ငံသို့ ရောင်းချ သွားမည်ဟု ယူဆရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ခဲ့ချိန်တွင် အရပ် သားဖွား ဆရာမ များနှင့် သူမ၏ ကလေးအား ရောင်းချမည်ဟု ယူဆရသည့် ကလေးအမေ တစ်ဦး အပါအဝင် လူခုနစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခြား ကလေး သုံးဦးအား ပြန်လည် ကယ်တင် နိုင်ခဲ့သည်။

စုံစမ်း စစ်ဆေးချက်များ အရ အဆိုပါ ကလေးများအား ဆင်းရဲသော မိသားစု ဝင်များ ထံမှ မက်လုံး ပေး၍ ဒေါ်လာငွေ အနည်းငယ်ဖြင့် ဝယ်ယူခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူခုနစ်ဦး ထံမှ စင်ကာပူ နိုင်ငံသို့ သွားရောက်ရန် အတွက် ဝယ်ယူထားသည့် လက်မှတ် များကို ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့သည်။

၎င်းမှောင်ခို ဂိုဏ်းသည် ကလေးများအား နိုင်ငံ အသီးသီးရှိ မွေးစား မိဘများ ထံ၌ ရောင်းချ ခဲ့သည့် သက်သေ အထောက် အထားများ ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့ကြောင်းနှင့် ၎င်းလုပ်ငန်းအား ၁၉၉ဝ ပြည့် နှစ်မှစ၍ စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကလေး သူငယ်များ အကာအကွယ်
ပေးရေး ဆိုင်ရာ တာဝန် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ကလေးများအား သြစတြေးလျ၊ အရှေ့ ဥရောပ၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)နှင့် မလေးရှား နိုင်ငံ များသို့ ရောင်းချခဲ့ခြင်း ဖြစ်ပြီး ကလေး လိုချင်သူ မိခင်များသည် ကလေး တစ်ဦးလျှင် ရူပီယာ သန်း ၂ဝ နှင့် အထက် သို့မဟုတ် ချစ်စဖွယ် ကောင်းသော ကလေး တစ်ဦးလျှင် ရူပီယာ သန်း ၄ဝ နှင့်အထက် ပေးပြီး ဝယ်ယူခဲ့ကြ ကြောင်း သိရသည်။အင်ဒိုနီးရှား နိုင်ငံတွင် သံသယ ရှိဖွယ် ကလေးမှောင်ခို ကူးသည့် ဂိုဏ်းတစ်ဂိုဏ်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။

ယင်း မှောင်ခိုကူးသည့် ဂိုဏ်းသည် အင်ဒိုနီးရှား နိုင်ငံမှ နို့စို့ ကလေးငယ် များအား စင်ကာပူသို့ ခေါ်ဆောင် သွားပြီး အခြား နိုင်ငံသို့ ရောင်းချ သွားမည်ဟု ယူဆရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ခဲ့ချိန်တွင် အရပ် သားဖွား ဆရာမ များနှင့် သူမ၏ ကလေးအား ရောင်းချမည်ဟု ယူဆရသည့် ကလေးအမေ တစ်ဦး အပါအဝင် လူခုနစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခြား ကလေး သုံးဦးအား ပြန်လည် ကယ်တင် နိုင်ခဲ့သည်။

စုံစမ်း စစ်ဆေးချက်များ အရ အဆိုပါ ကလေးများအား ဆင်းရဲသော မိသားစု ဝင်များ ထံမှ မက်လုံး ပေး၍ ဒေါ်လာငွေ အနည်းငယ်ဖြင့် ဝယ်ယူခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူခုနစ်ဦး ထံမှ စင်ကာပူ နိုင်ငံသို့ သွားရောက်ရန် အတွက် ဝယ်ယူထားသည့် လက်မှတ် များကို ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့သည်။

၎င်းမှောင်ခို ဂိုဏ်းသည် ကလေးများအား နိုင်ငံ အသီးသီးရှိ မွေးစား မိဘများ ထံ၌ ရောင်းချ ခဲ့သည့် သက်သေ အထောက် အထားများ ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့ကြောင်းနှင့် ၎င်းလုပ်ငန်းအား ၁၉၉ဝ ပြည့် နှစ်မှစ၍ စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကလေး သူငယ်များ အကာအကွယ်
ပေးရေး ဆိုင်ရာ တာဝန် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ကလေးများအား သြစတြေးလျ၊ အရှေ့ ဥရောပ၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)နှင့် မလေးရှား နိုင်ငံ များသို့ ရောင်းချခဲ့ခြင်း ဖြစ်ပြီး ကလေး လိုချင်သူ မိခင်များသည် ကလေး တစ်ဦးလျှင် ရူပီယာ သန်း ၂ဝ နှင့် အထက် သို့မဟုတ် ချစ်စဖွယ် ကောင်းသော ကလေး တစ်ဦးလျှင် ရူပီယာ သန်း ၄ဝ နှင့်အထက် ပေးပြီး ဝယ်ယူခဲ့ကြ ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...