ဧဒင်အချစ်ပုံပြင်: ဂျပန်ကီမိုနိုကို မြန်မာ့ရိုးရာ ထဘီအဖြစ် ဒီဇိုင်းထွင်ပြီးဒေါ်အောင်ဆန်းစု ကြည်ကို ကန်တော့မယ့်ဒီဇိုင် နာ ဇာနည်ထူးထူး

Monday 11 February 2013

ဂျပန်ကီမိုနိုကို မြန်မာ့ရိုးရာ ထဘီအဖြစ် ဒီဇိုင်းထွင်ပြီးဒေါ်အောင်ဆန်းစု ကြည်ကို ကန်တော့မယ့်ဒီဇိုင် နာ ဇာနည်ထူးထူး


Photo: ဂျပန်ကီမိုနိုကို မြန်မာ့ရိုးရာ ထဘီအဖြစ် ဒီဇိုင်းထွင်ပြီးဒေါ်အောင်ဆန်းစု ကြည်ကို ကန်တော့မယ့်ဒီဇိုင် နာ ဇာနည်ထူးထူး

Posted by AF in ပြည်တွင်းသတင်း
Aye Chan Mon Re-post Date : 2013 Feb 11 

ဒေါ်အောင်ဆန်းစုကြည်ကို မြန် မာဝတ်စုံများချုပ်ပေးပြီး ကန်တော့ခဲ့ သူမြန်မာလူမျိုးဂျပန်ဒီဇိုင်နာဇာနည် ထူးထူး(Shibuya zarny)က ဒေါ် အောင်ဆန်းစုကြည်ဂျပန်နို င်ငံကို လာ ရောက်လည်ပတ်မှာဖြစ်ကြောင်း ကြား သိရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကီမိုနိုထဘီနဲ့ ကန်တော့ဖို့ အတွက် ဒီဇိုင်းလုပ်နေပြီ ဖြစ်ကြောင်း သိရပါ တယ်။ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကိုလာ ရောက်လည်ပတ် မှာ ဖြစ်တာကြောင့် ဂျပန်နိုင်ငံသူနိုင်ငံသား တွေက တအားဝမ်းသာနေကြသလို ဇာနည်ထူးထူးကလ ည်း ဂျပန်နိုင်ငံ ကကီမိုနိုပိတ်စကို ဒီဇိုင်းထွင်ပြီး မြန်မာ့ရိုးရာထဘီအဖြစ် ချုပ်ကာကန် တော့မှာဖြစ်တာကြောင့် ဂျပန်အစိုးရ တီဗီချန်နယ်၊ ပုဂ္ဂလိကတီဗီချန်နယ် တွေက လည်း စိတ်ဝင်တစားနဲ့ ရိုက် ကူးနေကြကြောင်းကို ဇာနည်ထူးထူး က “အခု ဒေါ်အောင်ဆန်းစုကြည် အတွက်ကျွန်တော်ဝတ်စေချင်တဲ့ ဒီ ဇိုင်းကို လုပ်နေပါတယ်။ ဒေါ်ေ အာင် ဆန်းစုကြည်က ၁၉၉၅ခုနှစ်တုန်းက နေအိမ်အကျယ်ချုပ်ကနေထွက်လာ တယ်။ကျွန်တော်ဂျပန်မဂ္ဂဇင်းဆောင်း ပါးတစ်ခုမှာ ဖတ်ခဲ့ရတာကို ဒီဇိုင်းဆွဲ ချင်တာပါ။ အဲဒီဆောင်းပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့နေတဲ့ ခြံထဲမှာ နှင်းဆီ ပန်းရောင်နုနုလေးရှိတယ်လို့ ရေး ထားတယ်။ အဲဒါလေးက ကျွန်တော့် ရဲ့ ဦးနှောက်ထဲမှာရှိနေတယ်။ ဂျပန် နိုင်ငံရဲ့ အထိမ်းအမှတ်ပန်းဖြစ်တဲ့ ချယ်ရီပန်းနဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ နေအိမ်ခြံထဲမှာ ပွင့်တဲ့နှင်းဆီပန်းရောင်ကို ကီမိုနိုအစမှာ အတူတူ ယှဉ်တွဲဆွဲမယ်ဆိုတဲ့ စိတ်ကူးလေးရ လိုက်တယ်။ ကျွန်တော်ပြောတဲ့ ဒီဇိုင်း ကို ဂျပန်ကကီမိုနိုပန်းချီဆရာက ထွင်ပေးတယ်။မြန်မာ့ရိုးရာထဘီ လေးအဖြစ် ဒီဇိုင်း လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ မှာပါ။ ကီမိုနိုထဘီကို ကျွန်တော် ဒီဇိုင်းလုပ်နေတာတွေကိုလည်းဂျပန် အစိုးရ တီဗီချန်နယ်တွေနဲ့ပုဂ္ဂလိက တီဗီချန် နယ်တွေကနေ ရိုက်ကူးထား တယ်။ ဒါကို ဂျပန်လူမျိုးတွေကလည်း စိတ်ဝင်စားနေကြတယ်။ ဒီဇိုင်းက တော့ရနေပါပြီ။တစ်လအတွင်းထဲ မှာပဲလုံချည်ရတော့မှာပါ။ မြန်မာ
အမျိုးသမီးတွေအတွက် မြန်မာထဘီက အလှဆုံးပါပဲ။ အယဉ်ကျေးဆုံးပြနိုင် တာကလည်းမြန်မာထဘီတစ်ခုပါပဲ” လို့ပြောပါတယ်။ မြန်မာနိုင်ငံကို တစ်လအတွင်း မှာ ပြန် လာဖို့အစီအစဉ်ရှိတယ်လို့ ဆိုတဲ့ ဇာနည်ထူးထူးက “ကျွန်တော် ဒီတစ်လအတွင်းမှာပဲ မြန်မာပြည်ကို ပြန်လာမှာပါ။ ဘန်ကောက်မဂ္ဂဇင်းအင် တာဗျူး၊ တီဗီအင်တာဗျူး၊ သတင်းစာ အင်တာဗျူးတွေလုပ်ဖို့အတွက် ဘန်ကောက်ကို အရင်သွားရမယ်။ ပြီးရင် ဂျပန်တီဗီကြော်ငြာရိုက်ဖို့အတွက်Mal-dives ကျွန်းနဲ့ သီရိလင်္ကာကိုလည်း သွားရ မယ်။ အဲဒီကြော်ငြာကို ဖက်ရှင် ဒါရိုက်တာအနေနဲ့ ဆောင်ရွက်ပေးရ မယ်။အဲဒါပြီးရင်ဘန်ကောက်ကိုပြန်သွား မယ်။ပြီးရင်တော့ မြန်မာပြည်ကိုလာ မှာပါ။ကျွန်တော် မြန် မာပြည်ပြန်တာ ကဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ပြန်တာမဟုတ်ဘူး။ မြန်မာ့မြေမှာမွေး တဲ့ ကလေးတစ်ယောက်အနေနဲ့ မြန် မာပြည်ကိုပြန်တာပါ။နောက်ပြီး အသက် ၈ဝကျော်ပြီဖြစ်တဲ့ ကျွန်တော့် ရဲ့အဘွား ၂ယောက်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ကျွန်တော်သင်္ကန်းဝတ်ပြီးကျေးဇူး ဆပ်ဖို့ မြန်မာနိုင်ငံကိုပြန်လာမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journalဒေါ်အောင်ဆန်းစုကြည်ကို မြန် မာဝတ်စုံများချုပ်ပေးပြီး ကန်တော့ခဲ့ သူမြန်မာလူမျိုးဂျပန်ဒီဇိုင်နာဇာနည် ထူးထူး(Shibuya zarny)က ဒေါ် အောင်ဆန်းစုကြည်ဂျပန်နို င်ငံကို လာ ရောက်လည်ပတ်မှာဖြစ်ကြောင်း ကြား သိရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကီမိုနိုထဘီနဲ့ ကန်တော့ဖို့ အတွက် ဒီဇိုင်းလုပ်နေပြီ ဖြစ်ကြောင်း သိရပါ တယ်။ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကိုလာ ရောက်လည်ပတ် မှာ ဖြစ်တာကြောင့် ဂျပန်နိုင်ငံသူနိုင်ငံသား တွေက တအားဝမ်းသာနေကြသလို ဇာနည်ထူးထူးကလ ည်း ဂျပန်နိုင်ငံ ကကီမိုနိုပိတ်စကို ဒီဇိုင်းထွင်ပြီး မြန်မာ့ရိုးရာထဘီအဖြစ် ချုပ်ကာကန် တော့မှာဖြစ်တာကြောင့် ဂျပန်အစိုးရ တီဗီချန်နယ်၊ ပုဂ္ဂလိကတီဗီချန်နယ် တွေက လည်း စိတ်ဝင်တစားနဲ့ ရိုက် ကူးနေကြကြောင်းကို ဇာနည်ထူးထူး က “အခု ဒေါ်အောင်ဆန်းစုကြည် အတွက်ကျွန်တော်ဝတ်စေချင်တဲ့ ဒီ ဇိုင်းကို လုပ်နေပါတယ်။ ဒေါ်ေ အာင် ဆန်းစုကြည်က ၁၉၉၅ခုနှစ်တုန်းက နေအိမ်အကျယ်ချုပ်ကနေထွက်လာ တယ်။ကျွန်တော်ဂျပန်မဂ္ဂဇင်းဆောင်း ပါးတစ်ခုမှာ ဖတ်ခဲ့ရတာကို ဒီဇိုင်းဆွဲ ချင်တာပါ။ အဲဒီဆောင်းပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့နေတဲ့ ခြံထဲမှာ နှင်းဆီ ပန်းရောင်နုနုလေးရှိတယ်လို့ ရေး ထားတယ်။ အဲဒါလေးက ကျွန်တော့် ရဲ့ ဦးနှောက်ထဲမှာရှိနေတယ်။ ဂျပန် နိုင်ငံရဲ့ အထိမ်းအမှတ်ပန်းဖြစ်တဲ့ ချယ်ရီပန်းနဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ နေအိမ်ခြံထဲမှာ ပွင့်တဲ့နှင်းဆီပန်းရောင်ကို ကီမိုနိုအစမှာ အတူတူ ယှဉ်တွဲဆွဲမယ်ဆိုတဲ့ စိတ်ကူးလေးရ လိုက်တယ်။ ကျွန်တော်ပြောတဲ့ ဒီဇိုင်း ကို ဂျပန်ကကီမိုနိုပန်းချီဆရာက ထွင်ပေးတယ်။မြန်မာ့ရိုးရာထဘီ လေးအဖြစ် ဒီဇိုင်း လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ မှာပါ။ ကီမိုနိုထဘီကို ကျွန်တော် ဒီဇိုင်းလုပ်နေတာတွေကိုလည်းဂျပန် အစိုးရ တီဗီချန်နယ်တွေနဲ့ပုဂ္ဂလိက တီဗီချန် နယ်တွေကနေ ရိုက်ကူးထား တယ်။ ဒါကို ဂျပန်လူမျိုးတွေကလည်း စိတ်ဝင်စားနေကြတယ်။ ဒီဇိုင်းက တော့ရနေပါပြီ။တစ်လအတွင်းထဲ မှာပဲလုံချည်ရတော့မှာပါ။ မြန်မာ
အမျိုးသမီးတွေအတွက် မြန်မာထဘီက အလှဆုံးပါပဲ။ အယဉ်ကျေးဆုံးပြနိုင် တာကလည်းမြန်မာထဘီတစ်ခုပါပဲ” လို့ပြောပါတယ်။ မြန်မာနိုင်ငံကို တစ်လအတွင်း မှာ ပြန် လာဖို့အစီအစဉ်ရှိတယ်လို့ ဆိုတဲ့ ဇာနည်ထူးထူးက “ကျွန်တော် ဒီတစ်လအတွင်းမှာပဲ မြန်မာပြည်ကို ပြန်လာမှာပါ။ ဘန်ကောက်မဂ္ဂဇင်းအင် တာဗျူး၊ တီဗီအင်တာဗျူး၊ သတင်းစာ အင်တာဗျူးတွေလုပ်ဖို့အတွက် ဘန်ကောက်ကို အရင်သွားရမယ်။ ပြီးရင် ဂျပန်တီဗီကြော်ငြာရိုက်ဖို့အတွက်Mal-dives ကျွန်းနဲ့ သီရိလင်္ကာကိုလည်း သွားရ မယ်။ အဲဒီကြော်ငြာကို ဖက်ရှင် ဒါရိုက်တာအနေနဲ့ ဆောင်ရွက်ပေးရ မယ်။အဲဒါပြီးရင်ဘန်ကောက်ကိုပြန်သွား မယ်။ပြီးရင်တော့ မြန်မာပြည်ကိုလာ မှာပါ။ကျွန်တော် မြန် မာပြည်ပြန်တာ ကဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ပြန်တာမဟုတ်ဘူး။ မြန်မာ့မြေမှာမွေး တဲ့ ကလေးတစ်ယောက်အနေနဲ့ မြန် မာပြည်ကိုပြန်တာပါ။နောက်ပြီး အသက် ၈ဝကျော်ပြီဖြစ်တဲ့ ကျွန်တော့် ရဲ့အဘွား ၂ယောက်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ကျွန်တော်သင်္ကန်းဝတ်ပြီးကျေးဇူး ဆပ်ဖို့ မြန်မာနိုင်ငံကိုပြန်လာမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...