ဧဒင်အချစ်ပုံပြင်: " စုစည်းမှုပြယုဂ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြက္ခဒိန် "

Friday 12 July 2013

" စုစည်းမှုပြယုဂ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြက္ခဒိန် "

Photo: " စုစည်းမှုပြယုဂ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြက္ခဒိန် "
================================

၂ဝ၁၃ခုနှစ်အတွက်ပြက္ခဒိန် ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ကြီးမှူးပြီး မင်းသား  ၇ယောက်၊မင်းသမီး ၇ယောက် နဲ့ရိုက်ကူးခဲ့ကြပါတယ်။အဆို ပါ ပြက္ခဒိန်ရိုက် ကူးမှုကို ဓာတ်ပုံပညာရှင်မိုးမင်း (Rays) က ရိုက်ကူးပေးခဲ့ပါတယ်။ ပြက္ခဒိန် ရဲ့မျက်နှာဖုံးမှာ မင်း သားတွေ ရဲ့စတိုင်  တစ်မျိုး စီကိုတွေ့ ရမှာဖြစ်သလို၊မင်း သမီးတွေ ရဲ့အလှတစ်မျိုးစီကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ မြန် မာနိုင်ငံရုပ်ရှင်အစည်း အရုံး ပြက္ခဒိန်အတွက် ပျော်ပျော် ပါးပါး   ရိုက်ကူးပေးခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ စကားသံ  ကိုလည်းပြန်လည်မေးမြန်း တင်ဆက်လိုက်ပါတယ်။

ထွန်းအိန္ဒြာဗို

” အစည်းအရုံး ဇာတ်ကားကြီးရိုက်တုန်းက လူတွေလည်းစုမိပြီးသားဖြစ်နေတာနဲ့ ရိုက်ဖြစ်ကြတာပါ။ အားလုံးစုဖို့ ကလည်းနည်းနည်းခက်တယ်။ နယ်ထွက်တဲ့ လူနဲ့ဘာနဲ့ ဆိုတော့  စုမိပြီးသားဖြစ်လို့ ရိုက်ဖြစ်ကြတာပါ။  အစည်းအရုံးအတွက်ရန်ပုံငွေရတယ်။ စပွန်ဆာတောင် Alpine က ကျွန်မတောင်းပေးလိုက် သေးတယ်။ အရင်တုန်းက အစည်း အရုံးပြက္ခဒိန်တွေ ရိုက်ခဲ့သေးတယ်။ဘယ်တုန်းကမှ မရိုက်ပါဘူးဆိုလို့လည်း ငြင်းလို့ မရဘူး။ မရိုက်မနေ ရိုက်ခဲ့ရတယ်။ ဒါက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်စီးပွားဖြစ် မဟုတ်ဘဲ ဖွဲ့အစည်းအတွက်ဆိုတော့ ငြင်းမရဘဲရိုက်ခဲ့ရတာတွေရှိပါတယ်”

အိန္ဒြာကျော်ဇင်

” အစည်းအရုံးအတွက် ဇာတ်ကားကြီးရိုက်တုန်းက မင်းသား၊ မင်းသမီးတွေလည်း အကုန်စုံတယ်။ တစ်ခါတည်း စုံတုန်းကိုရုပ်ရှင်အစည်းအရုံး ပြက္ခဒိန်ဆိုပြီး ရိုက်ကွင်းမှာ တစ်ခါတည်း ရိုက်လိုက်တာပါ။ သတ်သတ်ရိုက်ရမယ်ဆိုရင် အများကြီးကိုစုဖို့က မလွယ်ဘူးလေ။ အကုန်လုံးစုမိနေတဲ့ ရိုက်ကွင်းမှာပဲဦးမိုးမင်းနဲ့ ရိုက်လိုက်တာပါ။ မှတ်မှတ်ရရ လေးပဲပျော်ဖို့လည်းကောင်းတယ်။ အဲဒီဇာတ်ကားကြီး မရိုက်ခင်ကတည်းက ကိုလူမင်းကအစည်းအရုံး ပြက္ခဒိန်ရိုက်ရမယ်လို့ ပြောသံကြားတယ်။ ရိုက်ကို ရိုက်ရမယ်လို့သိတယ်။ မင်းသား၊မင်းသမီးတွေမချိတ်ဖြစ်ဘူး။ ဒါပေမဲ့ဇာတ်ကားကြီး ရိုက်ဖို့ဖြစ်လာတဲ့အခါကျတော့ အဆင်သင့်ဖြစ်သွားတာပေါ့”

ဝတ်မှုံရွှေရည်

” အစည်းအရုံး ပြက္ခဒိန်က အနုပညာမောင်နှမတွေ ဇာတ် ကားအတူရိုက်ရင်းနဲ့ ဒီပြက္ခဒိန်ကို ရိုက်ဖြစ်တာ။ ပျော်ပျော် ပါးပါးနဲ့ ဘာမှမစဉ်းစားဘဲ မင်းသား၊ မင်းသမီးက ၁၄
ယောက်တောင်ဆိုတော့ တစ်နေ့တစ်နေ့ပျော်နေရတာပဲ။ ဒီလိုစုစုစည်းစည်းနဲ့လုပ်ဖို့က မလွယ်ဘူးလေ။ အမှတ်တရဖြစ်သွားတာပေါ့”

ချစ်သုဝေ

” ရုပ်ရှင်အစည်းအရုံးရဲ့ ပြက္ခဒိန်က ကားရိုက်ရင်းနဲ့ ရိုက်လိုက်တာပါ။ ရုပ်ရှင်အစည်းအရုံးက ပြက္ခဒိန်ရိုက်မယ်ဆိုတော့ ရှုတင်မှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝုန်းဒိုင်းကြဲပြီး ဦးမိုးမင်းက ရိုက်ပေးခဲ့တာပါ။ အားလုံး စုစုစည်းစည်းနဲ့ ရိုက်ရတော့ ပျော်ဖို့ကောင်းပါတယ်။ အရင် တုန်းကတော့ ရိုက်ခဲ့ရတာပဲ။ တစ်ယောက်ချင်းစီပဲရိုက် တယ်။စတူဒီယိုမှာပဲသွား ကူညီပြီး ရိုက်ပေးလိုက်တာပဲ။ ဒီနှစ်ကတော့ အားလုံး စုစုစည်းစည်းနဲ့ ရိုက်ကြတာ”

နေမင်း

” ပျော်ဖို့ကောင်းပါတယ်။ လက်ရှိစီးမျောနေတဲ့ ကျွန်တော်တို့ ခေတ်မှာစုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ကျွန်တော် တို့ညီအစ်ကိုမောင်နှမတွေရဲ့ အင်အား တစ်ခုကို ပြနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဇာတ် ကားအဖြစ်  ဖန်တီးခဲ့တယ်။ အမှတ်တရတွေ အများကြီးပါပဲ။ ကျွန်တော် ဆရာကိုထွန်းထွန်းနဲ့ လည်းအဲဒီဇာတ်ကားမှာ ဆုံခဲ့ တယ်။ကားရိုက်ရင်းနဲ့ပဲ ပြက္ခဒိန် ရိုက်ခဲ့တာပါ။အဲဒါထူးခြား မှုပါ။ ဘယ်လိုပဲဖြစ်ဖြစ်မှတ်တမ်းတစ်ခု ဖြစ်သွားတာပေါ့”

ပေါ်ပြူလာအဖွဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...