ဧဒင်အချစ်ပုံပြင်: ဒုံးကျည်အန္တရာယ် ကာကွယ် ဟန့်တားရေး အတွက် အကွာအဝေး ၃၄ဝ မိုင် အထိ စောင့်ကြည့် ထောက်လှမ်းနိုင်သော လေသင်္ဘောနှစ်စင်း အမေရိကန် တပ်ဖြန့်ချထားမည်

Sunday 28 July 2013

ဒုံးကျည်အန္တရာယ် ကာကွယ် ဟန့်တားရေး အတွက် အကွာအဝေး ၃၄ဝ မိုင် အထိ စောင့်ကြည့် ထောက်လှမ်းနိုင်သော လေသင်္ဘောနှစ်စင်း အမေရိကန် တပ်ဖြန့်ချထားမည်

Photo: ဒုံးကျည်အန္တရာယ် ကာကွယ် ဟန့်တားရေး အတွက် အကွာအဝေး ၃၄ဝ မိုင် အထိ စောင့်ကြည့် ထောက်လှမ်းနိုင်သော လေသင်္ဘောနှစ်စင်း အမေရိကန် တပ်ဖြန့်ချထားမည်

ဝါရှင်တန်   ဇူလိုင်   ၂၇

အမေရိကန် စစ်ဘက်သည် မြို့တော် ဝါရှင်တန်ဒီစီအား ဒုံးကျည်အန္တရာယ် ကာကွယ်ဟန့်တားရေး အတွက် အရပ် မျက်နှာတိုင်းတွင် အကွာအဝေး ၃၄ဝ
မိုင်အထိ စောင့်ကြည့်ထောက်လှမ်းနိုင် သော Raytheon  ကုမ္ပဏီထုတ (JLENS) အမျိုးအစား လေသင်္ဘော နှစ်စင်း တပ်ဖြန့်ချထားရန် စီစဉ်လျက် ရှိကြောင်း ဇူလိုင်၂၆ ရက်အင်တာနက် သတင်းတစ် ရပ်အရသိရသည်။ 

အဆိုပါ လေသင်္ဘောများသည်  ဟီလီယံ ဓာတ်ငွေ့သုံးလေ သင်္ဘောများဖြစ်ပြီး အရှည် ၈၂ ပေရှိ၍ လေထဲတွင် ရက် ၃ဝ ကြာသည်အထိ ပျံသန်း၍ တာဝန် ထမ်းဆောင်နိုင်ကြောင်း သိရသည်။ ပထမတစ်စင်းတွင် မြို့တော်အား ခြိမ်းခြောက် လာနိုင်သည့်ဒုံးကျည်များ၊ သင်္ဘော များနှင့် လေယာဉ်များဝင် ရောက်လာမှုကို ရှာဖွေနိုင်သော တာဝေး စောင့်ကြည့် ထောက်လှမ်းရေး ရေဒါစနစ် များတပ်ဆင်ထားပြီး ကျန်တစ်စင်း တွင် မြေပြင်နှင့်ရေပြင်မှ လေယာဉ်ပစ် ပဲ့ထိန်း ဒုံးများနှင့် ချိတ်ဆက်ထားသည့် ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်တစ်ခု တပ်ဆင်ထား ကြောင်းသိရသည်။ 

အဆိုပါပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်သည် ဝင်ရောက်လာမည့် ပစ်မှတ်များအား ခြေရာခံ၍ ပစ်ခတ် မှုညွှန်ကြားချက်များကို အတိအကျလမ်း ညွှန်ပေးနိုင်ပြီး လေယာဉ်များ၊ ဒုံးကျည်များ၊ သင်္ဘောများနှင့် အကြီးစား ဒုံးလက်နက်များ ဝင်ရောက် တိုက်ခိုက်လာမှုကိုလည်း တိတိကျကျ ကြားဖြတ် တိုက်ခိုက် နိုင်စွမ်းရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါစနစ်သည် တင့်ကားများနှင့် တိုက်ခိုက်ရေး ယာဉ်များကဲ့သို့သော ကုန်းလမ်းသွား ယာဉ်များကိုလည်း ခြေရာခံ နိုင်ကြောင်း သိရသည်။ မြေပြင်မှ တပ်ဖွဲ့ဝင်များသည် အဝေးထိန်း ထိန်းချုပ်မှုမှတစ်ဆင့် အဆိုပါ လေသင်္ဘော များရှိရေဒါနှင့် ပစ်မှတ်ရှာဖွေရေး စနစ် များကို ထိန်းချုပ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဝါရှင်တန်ဒီစီ၌ မောင်းသူမဲ့ လေယာဉ်အုပ် တစ်အုပ်နှင့် လေကြောင်းချီ ကြိုတင်သတိ ပေးရေးနှင့် ထိန်းချုပ်ရေး လေယာဉ်များ ကင်းထောက် ပျံသန်းနေသော်လည်း အဆိုပါ လေယာဉ်များသည် အုပ်ချုပ် ထောက်ပံ့မှုကြောင့် အချိန်ပြည့်ထောက် လှမ်းနိုင်စွမ်းမရှိသည့် အပြင် ထောက်လှမ်း နိုင်မှု အကွာအဝေး ကန့်သတ်ချက် ရှိနေသောကြောင့် JLENS အမျိုးအစား လေသင်္ဘောများအား တပ်ဖြန့်ချထား ရန်စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...