ဧဒင်အချစ်ပုံပြင်: မန်းတွင် တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီးရမိ

Sunday 28 July 2013

မန်းတွင် တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ပျူစောထီးလမ်း၊ (၇၁x၇၂)လမ်းကြား၊ သ-၃/၂ ရှိ““ထူးစတား”” Beauty Sloon ဆိုင် သို့ ဇူလိုင်၂၆ ရက်နေ့ ညနေ၄နာရီအချိန်မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊
ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။



ထိုသို့စစ်ဆေးရာ မန်နေဂျာ ကို-- ဦးစီးပြီး အမျိုးသမီး ၉ ဦးနှင့်အတူ တရားမ၀င် အနှိပ်ခန်းလုပ်ကိုင်နေစဉ်ဖမ်းဆီးရမိသဖြင့် ၁၀ ဦးအား ပြည်ကြီးတံခွန် မြို့မ ရဲခစန်း မှုသေးအမှတ် ၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ၁၈၈ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ရဲဇာနည်မှသိရသည်။

အလားတူ ဇူလိုင်၂၇ရက်နေ့နေ့လည် ၁း၄၅ အချိန် မန္တလေးတိုင်းဒေ သကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ကားကြီးကွင်း၊
တိုက်တန်းအ မှတ်(၂၀)တွင် တရားမ၀င်အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ မန္တလေးတိုင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သည့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ အနှိပ်ခန်းဦးစီးလုပ်ကိုင်သူ မ---နှင့် ၆ ဦး၊ စုစုပေါင်း (၇) ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသည့်ပစ်္စည်းများ၊ ငွေကျပ် (၁၁၀၀၀၀ိ/-) နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မ---နှင့် (၇) ဦးအား ပြင်ဦးလွင်မြို့မရဲစခန်းမှုသေးအမှတ် ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းရဲဇာနည်မှသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...